ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် (၅) မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
ပုသိမ် ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့် ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက “လူတိုင်းအတွက် ပညာရေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ရက်ပေါင်း(၄၀)ကြာ စာတတ်မြောက် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ်တွင် စဉ်ဆက် ပညာရေးလုပ်ငန်းအဖြစ် စာသင်သားပေါင်း (၄၉၆၁)ဦးအား စာသင်ဝိုင်းပေါင်း (၄၇၉)ဝိုင်း စုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ် (၁၀၀၇) ဦး တို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ထိ စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေ တိုးပွားရေး၊ လူနေမှုဘဝမြင့်မားရေးအစီအစဉ်များပါဝင်သည့် အစီအစဉ် (၃) ရပ်ကို (၁)ရက်လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် ရက်ပေါင်း (၉၀)ကြာ သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စာသင်သား ပြည်သူများအနေဖြင့် ရရှိထားသည့် အသိပညာ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှု များကိုအခြေပြု၍ လက်တွေ့နေ့စဉ်ဘဝတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သိရှိ တတ်မြောက်ထား သည့် အခြေခံ အရေး၊ အဖတ်၊ အတွက် သင်ခန်းစာများမှတစ်ဆင့် ဗဟုသုတများ တိုးပွား လာအောင် အားလပ်သည့် အချိန်တိုင်းတွင် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိအောင် ဆက်လက်အားထုတ် ကြိုးစားသွားခြင်းဖြင့် “စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူ မရှိစေရေး" လုပ်ငန်းစဉ် ထိရောက်အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ “လူတိုင်း အတွက်ပညာရေး”ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတတ်မြောက်စေရေး ဆက်လက် အကောင်အထည်ဖော် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅)မြို့နယ် တွင် စဉ်ဆက်ပညာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ပေးကြသူများ၊ နည်းပညာများနှင့် ထောက်ပံ့ပစ္စည်းများပံ့ပိုးပေးခဲ့သည့် ပညာရေး ဝန်ကြီးဌာအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ အတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ်ဆက်ပညာရေးလုပ်ငန်းကိုပူးပေါင်းဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အား ပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု နည်းပြနှင့်ကြီးကြပ် ကိုယ်စားလှယ် (၂)ဦးအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၅) မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သား ကိုယ်စားလှယ်(၂)ဦးအားအသိအမှတ်ပြု လက်မှတ်များပေးအပ်ခဲ့သည်။
ဆက်လက်၍ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သား များကိုယ်စား စာသင်သားကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက “အနာဂတ်မျှော်တွေး စဉ်ဆက် ပညာရေး”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ပုသိမ်မြို့နယ်၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့ကြသည့် မြို့နယ် အလိုက် နည်းပြ၊ ကြီးကြပ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။