ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရသော ကျေးရွာမှလေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ (၁၇.၄.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်းခံခဲ့ရသော ကျေးရွာ (၄)ခုမှ ခေါင်မိုးလန်နေအိမ် (၁၂၉)လုံး၊ ပြိုကျနေအိမ် (၃၀)လုံး၊ စုစုပေါင်း လေဘေးသင့်နေအိမ် (၁၅၉)လုံးမှ လေဘေးသင့်လူဦးရေ (၆၄၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါဝင်သော ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။

30-Apr-2018