ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းတရားတော် နာယူပွဲ၊ သြဝါဒခံယူပွဲနှင့်သက်ကြီးပူဇော်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ကျက်သရေဆောင် သာသနာ့ဗိမာန်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းတရားတော် နာယူပွဲ၊ သြဝါဒခံယူပွဲနှင့်သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

30-Apr-2018