ဧရာဝတီတိုင်း​ဒေသကြီးဝန်ကြီးချုပ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်‌သောGrade11နှင့် Grade12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားတက်​ရောက်

ပုသိမ်       ဒီဇင်ဘာ       ၉

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် Grade11နှင့် Grade12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော် တည်ဆောက်နိုင်ရန် ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ ရရှိနိုင်ရေးအတွက် ဆရာ၊ ဆရာမများမှ သင်ကြားပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူကာ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာခံယူကျင့်သုံးနိုင်ရေး အတွက် ဆရာ၊ ဆရာမများက နည်းပေးလမ်းညွှန်သင်ကြား ဆုံးမပေးရမည်ဖြစ်ကြောင်း၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များနေဖြင့် အနာဂတ်ကာလတွင် ကောင်းမွန်သည့် အတွေးအခေါ်များ ရှင်သန်ပေါက်ဖွားလာစေရေး၊ ဗလငါးတန်နှင့်ပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ၊ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုနှင့် ပင်ကိုယ်အရည်အသွေး စွမ်းရည်များ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရှင်သန် အားကောင်းနေစေရေးအတွက် ဥပဒေအသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ် ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း” အမှာစကားပြောကြာခဲ့ပြီး  သင်တန်းသားဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် စားသုံးဆီများ​ထောက်ပံ့​ပေးအပ်ခဲကြောင်းနှင့်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်‌သော Grade11နှင့် Grade12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းများကို ယ​နေ့နံနက်ပိုင်းတွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့​ပြီး (၉.၁၂.၂၀၂၄)ရက်​နေ့မှ(၁၈.၁၂.၂၀၂၄)ရက်​နေ့အထိ (၁၀)ရက်ကြာ ဆရာ၊ ဆရာမ စုစုပေါင်း (၇၃၀)ဦးအား ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

09-Dec-2024