တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး

ပုသိမ်       ဒီဇင်ဘာ       ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျုံပျော်-မှန်ကုန်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွန်ကရစ် လမ်းသစ်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က ကွန်ကရစ်လမ်းဆောင်ရွက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကျုံပျော်-မှန်ကုန်းလမ်း ကွန်ကရစ်လမ်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက်  ကျုံပျော်-မှန်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများကဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၀/၃မိုင်၊ အကျယ်၁၂ပေနှင့် ထု၇လက်မရှိပြီး ကျေးရွာ ၁၀ရွာ၊ အိမ်ခြေ ၁၃၀၇အိမ်၊လူဦးရေ ၄၇၉၀ တို့အား အကျိုးပြုမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ တောချောင်းကျေးရွာအုပ်စု၊  ရှမ်းစုကျေးရွာရှိ တောင်သူဦးစိုးသန်း၏ မိုးစပါးရိတ်သိမ်းပြီး ဒုတိယသီးနှံအဖြစ် ဆောင်းသီးနှံနေကြာစံပြကွက် (ရေဆင်း-၁စပ်မျိုး) မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ထွန်းစေရေး၊ ပိုးမွှား အန္တရာယ်မကျရောက်စေရေး၊  ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေး ကိစ္စရပ်များကို မှာကြားခဲ့သည်။ ဆက်လက်၍  အင်းရဲကျွန်းကျေးရွာအုပ်စု၊ ကျွန်းအင်းကျေးရွာရှိ ဦးမြဟန်၏ ဘဲမွေးမြူရေးခြံနှင့်  ဦးအောင်သန်းဦး၏  ဘဲမွေးမြူရေးခြံများသို့ သွာရောက်၍ ဘဲမွေးမြူနေမှုအခြေအနေများ၊ ပျမ်းမျှဥနှုန်း၊ ဘဲဥများဈေးကွက်အတွင်း တင်ပို့ရောင်းချမှု အခြေအနေများ၊ အစာကျွေးမွေးမှုနှင့် ကုန်ကျစရိတ်များဆွေးနွေးခဲ့ပြီး အစာစျေးနှုန်း သက်သာအောင် ဆောင်ရွက်နိုင်ရေး၊ ဘဲဥဈေးနှုန်းတည်ငြိမ်လျှော့ချနိုင်ရေး၊ ဘဲအကောင်ရေတိုးချဲ့မွေးမြူနိုင်ရေး၊ ပြည်သူများထံသက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ထုတ်ကုန်နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းေဆာင်ရွက်ပေးခဲ့သည်။ အင်းရဲကျွန်း ကျေးရွာအုပ်စုတွင် တစ်နိုင်တစ်ပိုင်မွေးမြူရေးတောင်သူ (၃၃)ဦးက ဘဲအကောင်ရေ ၇၀၀၀ကျော်မွေးမြူလျက်ရှိပြီး တစ်နေ့လျှင် ဘဲဥ ၄၀၀၀ မှ ၅၀၀၀ ကြားထွက်ရှိကာ ဘဲဥများကို ကျုံပျော်မြို့အဝယ်ဒိုင်များနှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်း မြို့၊  မြက်တိုကျေးရွာအုပ်စု၊ တောင်ယာတန်းကျေးရွာ၊ ဦရဲထွန်းမြင့် စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီ၊ ကန်စွန်း၊ ဗူး စသည့် စားဖိုဆောင်သုံး သီးနှံစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံစိုက်ပျိုးမှု၊ ရေ၊ မြေဩဇာ အသုံးပြုမှုနှင့် ဈေးကွက်တင်ပို့မှု အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပြီး ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရန်နှင့် ပိုးမွှားအန္တရာယ်မကျရောက်စေရေးဂရုပြုဆောင်ရွက်နိုင်ရေးနှင့် သက်သာသော ဈေးနှုန်းများဖြင့်တင်ပို့ရောင်းချနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ တောင်ယာတန်းကျေးရွာရှိ စိုက်ဧက(၅၁)ဧကတွင် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီ၊ ကန်စွန်း၊ ဗူး၊ ငရုတ်စသည့် စားဖိုဆောင်သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့စိုက်ပျိုးထားပြီး ကျုံပျော်၊ ရေကြည်၊ပုသိမ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ထန်းပင်ကွင်းကျေးရွာ၊ တောင်သူ ဦးကြည်တင်၏ (မကွေး-၁၂) မြေပဲစိုက်ပျိုးဖြစ်ထွန်း နေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်တိုး မျိုးကောင်းများအသုံးပြုစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ရေကြည်မြို့နယ်နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိရာ စက်မှု၊လျှပ်စစ်ပိုင်းများဖြစ်သည့်ပွန်တွန်းပေါ်တွင်မော်တာနှင့်ပန့်များတပ်ဆင်ထားရှိမှူအခြေအနေ၊၃၀"သံပိုက်လိူင်းတပ်ဆင်ထားရှိမှူအခြအနေ၊11/0.4KV 630KVA Transformer ခွဲရုံတည်ဆာက်နေမှူအခြေအနေများနှင့်ရေပေးအဆောက်အဦးများတည်ဆောက်ခြင်းလုပ်ငန်းတို့အားကြည့်ရှူစစ်ဆေးခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင်စီမံကိန်းလုပ်ငန်း တာဝန်ခံမှ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧက(၁၀၀၀) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၂၀၂၄_၂၀၂၅)ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်ပြီးဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များ၊ ယခုနှစ်တွင်တတိယသီးနှံနွေစပါးဧက ၅၀၀ ရေပေးဝေနိုင်ရန်အတွက်လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရေးဆောင်ရွက် သွားမည့်အစီအစဥ်များရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချူပ်မှ အရည်အသွေးပြည့်မီစေရေးနှင့်လုပ်ငန်းများစောလျှင်စွာပြီးစီးနိုင်ရေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ ပေါ်ဆန်းကြီးစပါးမျိုး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တေ့ဆုံ၍ မြစ်ရေတင်စီမံကိန်းမှ ရေရရှိတော့မည်ဖြစ်ရာ နွေစပါးအောင်မြင်အောင် စိုက်ပျိုးနိုင်တော့မည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

06-Dec-2024