ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ငွေဆောင်ကမ်းခြေနှင့် ချစ်သူများကျွန်းတို့တွင် လည်ပတ်ခဲ့ပြီး အမှတ်တရသစ်ပင်စိုက်ပျိုး၊ ပုသိမ်လေဆိပ်မှ ရန်ကုန်မြို့သို့ဆက်လက်ထွက်ခွာရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်

ပုသိမ်         ဒီဇင်ဘာ    ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငွေဆောင်ကမ်းခြေ ESKALA ဟိုတယ်၌ နံနက်စာသုံးဆောင်ခဲ့ပြီးကြပြီး ကမ်းခြေတွင်လမ်းလျှောက်အပမ်းဖြေခြင်းနှင့် ကမ်းခြေအလှအပများအား ကြည့်ရှုခံစားခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေ့လည်ပိုင်းတွင် ငွေဆောင်မြို့၊ ချစ်သူများကျွန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ကျွန်း၏သဘာဝအလှအပများအား လှည့်လည် ကြည့်ရှုခဲ့သည်။ဆက်လက်၍   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်ငွေဆောင်မြို့အဝင် လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်သော ရုရှား-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ် သစ်ပင်(ခရေပင်)ကို စိုက်ပျိုးခဲ့သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်တာဝန်ရှိသူများနှင့်အတူ ငွေဆောင်မြို့မှ ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ကြပြီး ပုသိမ်လေဆိပ်မှ ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ဒေသထွက်အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ကာ နှုတ်ဆက်ပို့ဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။

06-Dec-2024