ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျောင်းဆောင်သစ်များဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၃.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့်အတူ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ဂျပန်နိုင်ငံ The Nippon Foundation (ARTIC) နှင့် Build A School In Burma အဖွဲ့တို့မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်များဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်အားပေးခဲ့ပါသည်။

26-Mar-2018