ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၁) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး

ပုသိမ်    ဒီဇင်ဘာ   ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာ၊ တောင်သူဦးမန်းကျော်ခိုင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၊ ပုသိမ်မြို့၊ အမှတ်(၅၁) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက်(Round Baler)ဖြင့် ကောက်ရိုးထုံးခြင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနဦးစီးဌာနမှူးက စပါးရိတ်သိမ်းပြီးသော လယ်ကွက်များတွင် ကောက်ရိုးထုံးစက် အသုံးပြုခြင်းဖြင့် ကောက်ရိုးများ အမြန်သိမ်းဆည်းနိုင်၍ နောက်သီးနှံအား အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ကောက်ရိုးထုံးများ အလွယ်တကူ သိမ်းဆည်းသိုလှောင်နိုင်ခြင်း၊ ကောက်ရိုးများအား ကျစ်လစ်စွာအထုံးပြုလုပ်ထား၍သိမ်းဆည်း သိုလှောင်ရာတွင် နေရာယူမှုနည်းပါးခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း တောင်သူများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကောက်ရိုးပြတ်များအား မီးရှို့ခြင်းမရှိဘဲ ကောက်ရိုးများအား အထုံးပြုလုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပေးနိုင်ခြင်း၊ သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်ခြင်း၊  တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် များစွာအကျိုးပြု၍ တောင်သူများ အနေဖြင့် ကောက်ရိုးထုံးစက်များကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။

03-Dec-2024