ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲအတွက် ပဒေသာပင်များ ပုသိမ်မြို့အတွင်းသို့ လှည့်လည်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပြုလုပ်
ပုသိမ် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ဌာနဆိုင်ရာအသီးသီးမှ ပို့ဆောင်ကြသည့် ပဒေသာပင်များနှင့် ရပ်ကွက်နေ ပြည်သူများမှ ပို့ဆောင်သည့် ပဒေသာပင်များအား ပုသိမ်မြို့အတွင်းသို့ လှည့်လည်ခြင်းကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်မှ စတင်ကာ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလမ်း၊ ပုသိမ်-မုံရွာလမ်းမကြီးတစ်လျောက် ဖျော်ဖြေရေးအဖွဲ့ များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းေဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ လှည့်လည်ကြပြီးနောက် စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပမည့် သာသနာ့ဗိမာန်တော်ကြီးသို့ ပဒေသာပင်များအား ပို့ဆောင်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုဒ္ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၈၂) ခုရှိပြီး ပစ္စည်းတန်ဖိုး သိန်း(၁၈၀)ကျော်နှင့် ငွေသားတန်ဖိုး သိန်း(၃၂၀)ကျော် စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၅၀၀)ကျော်ရှိကြောင်း သိရှိရသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းေဒသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တိုင်းဒေသကြီးတွင် စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့ပါကြောင်းနှင့် ၎င်းစိုက်ဧကများပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးနှင့် စိုက်ဧကများပြည့်မီရေးအတွက် အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ရိုးပြတ်ကျန်ဧကများလျော့နည်းပပျောက်ရေးနှင့် သီးထပ်စွမ်းအားများတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)အထူးဇုန် နှစ်ခုသတ်မှတ်ထားပြီးလျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်နှစ်ဇုန်သာမက ဇုန်ပြင်ပများတွင်လည်း လျာထားစိုက်ဧကများ ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ပစျေးကွက်အလားအလာကောင်းသည့် သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုး၍ ကုန်ချောထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ရေချို ရေငံ ငါး ပုစွန်မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ပြီး နိုင်ငံခြားငွေတိုးချဲ့ရှာဖွေရမည်ဖြစ်ပါကြောင်း၊ တိုင်းေဒသကြီးအတွင်း ပြည်ပရင်းနှီးမြုပ်နှံမှုများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများများတွင် လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းများရရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင် ေဆာင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်သည့်တိုင်းေဒသကြီးဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ များစွာလာရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သန့်ရှင်းသပ်ရပ်၍ စိန်းလမ်းစိုပြေသော တိုင်းဒေသကြီးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးသွားဖိတ်ခေါ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့်ဆက်စပ်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များမှ ဝက်မွေးမြူရေးလုပ်ငန်းများ၊ ငါးမွေးမြူရေးလုပ်ငန်းများ၊ နွားမွေးမြူရေးလုပ်ငန်းများ၊ ပီလောပီနံစိုက်ပျိုးထုတ်လုပ်မှုလုပ်မှုလုပ်ငန်းများ၊ စျေးကွက်သို့တင်ပို့ရောင်းချနေမှုများအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လာ်းေကာင်း ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။