တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်များတွင် သန့်ရှင်းသာယာရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ စက်တော်ရာဘုရားနှင့် စက်တော်ရာ ဘိုးဘွားရိပ်သာတို့တွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ ကိုးဆူကျောင်းလမ်းနှင့် ဈေးရပ်တန်းလမ်း တွင်လည်းကောင်း၊ ပုသိမ်မြို့၊ ကန်သုံးဆင့် ပန်းခြံအဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် သန့်ရှင်းသာယာစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေး လုပ်ငန်းများအား အပတ်စဉ်သာမကနေ့စဉ်ဆောင်ရွက်ကြရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း၍အလင်းဖွင့်နိုင်ရေး၊ အမှိုက်များအားစနစ်တကျစွန့်ပစ်စေရေးနှင့် ပြည်သူများပူးပေါင်း ပါဝင်စေရေးမှာကြားခဲ့သည်။

01-Nov-2024