တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်‌ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် အောက်တိုဘာ ၅

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင်  ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌  ကျင်းပသည့် ပဥ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်‌ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခု ဖိတ်ခေါ်ပြိုင်ပွဲတွင် ထူးချွန်သည့်ဘောလုံး အားကစားသမားလူငယ် အများအပြား ပေါ်ထွက်လာစေရေးနှင့် အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုရရှိရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်သည့်အားကစားသမား လူငယ်အများအပြား ပေါ်ထွက်လာမည်ဟုမျှော်လင့်ပါကြောင်းနှင့်လာမည့် ပဥ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးသွားမှာဖြစ်ပါကြောင်း၊ လူရွေးချယ်ရေးပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများ အနေဖြင့် မိမိတို့အတွက် အခွင့်အလမ်းကောင်း တစ်ခုအဖြစ် ခံယူပြီးမိမိတို့၏ အရည်အချင်းတွေကို ဖော်ထုတ်ပြသနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်လိုပါကြောင်း၊ပြိုင်ပွဲဝင်အားကစားသမားများကလည်း အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်းနှင့်  ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းပြီးသတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီတရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြတ်ပြီး နိုင်ငံတော်က အားထားရမည့် ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ဖိတ်‌ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် Four Bloc Fcအသင်းနှင့် S.P.T United FCအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

05-Oct-2024