နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများနှင့် ကမ်းပြို၊ ကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေး

ပုသိမ်      အောက်တိုဘာ      ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဟင်္သာတ မြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများနှင့် ကမ်းပြိုကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဖောင်ဆိပ်ကျေးရွာအနီးတွင် ကမ်းပြိုကမ်းစားဖြစ်ပေါ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က ေဖာင်ဆိပ်ကမ်းပါးတစ်လျှောက် နှစ်အလိုက်ကမ်းပြိုမှု၊ ဧရာဝတီမြစ်ကြောင်းပြောင်းလဲမှု၊ ယခုနှစ်တွင်ဧရာဝတီမြစ် ​ေရကြီးပြီးေနာက်ကမ်းပြိုမှုများနှင့် ရေကြီးရေလျှံတား တာတမံများ တည်ဆောက်ထားရှိမှု အခြေအနေများ၊  အိပ်ပျက် ​ေကျးရွာအုပ်စုရှိေကျးရွာများကမ်းပြိုမှုမှ ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အချိန်မီဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်  မှာကြားပါသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ‌ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ သင်္ဃန်းတောကျေးရွာ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်များနှင့် တိုင်းရင်းသားပြည်သူများကြား ဘာသာစကားအခက်အခဲမရှိစေရေးနှင့်  အဆင်ပြေစွာကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုအဖွဲများမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အချက်အလက်များမှန်ကန်စွာရေးသွင်းစေရေး၊ ပြည်သူများကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် လေးမျက်နှာမြို့၊ အမှတ်(၂)ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် လေးမျက်နှာမြို့နယ်၊ စတုမုခထူပါရုံစေတီတော်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိလာရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်‌ေရးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ငဝန်မြစ်ရေတိုက်စားမှုကြောင့် စေတီတော်အနီးကမ်းပြိုမှုဖြစ်ပွားခဲ့မှုများ ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား ၃ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ယခုနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်‌ေရးကောင်စီအဖွဲ့ဝင်က ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးအဓွန့်ရှည်စွာ တည်တံ့နိုင်ရေးအတွက် ကာကွယ် ရေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ကြရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြန်းစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စေတီမြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြည်ညိုခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ငါးသိုင်းချောင်းမြို့၊ သပေါ့ကုန်းကျေးရွာသို့သွားရောက်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ငါးသိုင်းချောင်းမြို့၊ ကျောက်ချောင်းကျေးရွာရှိ တောင်သူဦးအောက်မျိုးထက်၏ ရေကြီးနစ်မြုပ်မှုကြောင့်စပါးပျက်စီး  စိုက်ဧက(၅.၈၅)ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်သမများ၊ မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် အစားထိုးပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရေတက်ရောက်မှုကြောင့်ထိခိုက်ပျက်စီးခဲ့မှုအ ခြေအနေများ၊ မျိုးစပါးပျိုးထောင်ရရှိမှု၊ပြန်လည်စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျထည့်သွင်းသုံးစွဲရေး၊ ပျက်စီးစိုက်ဧကများ အချိန်မီဖြည့်တင်းစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေး၊အထွက်တိုးမျိုးများသုံးစွဲနိုင်ရေး၊ အောင်ရေရရှိရေး၊ နွားမွေးမြူရေးလုပ်ငန်းများဆောင်ရွက်စေရေး၊ သဘာဝမြေဩဇာများထုတ်လုပ်သုံးစွဲနိုင်ရေးကိစ္စများကို တောင်သူများနှင့်ဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ 

ထို့နောက် ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။

04-Oct-2024