နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြန်အောင်ခရိုင်အတွင်း၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ်         အောက်တိုဘာ      ၃

၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  စာရင်းစစ်၊ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ထိုသို့ကောက်ယူနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး များနှင့်အတူ ယ‌နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်နှင့် မြို့မရပ်ကွက်များ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အချက်အလက်များမှန်ကန်စွာရေးသွင်းစေရေး၊ ပြည်သူများကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေးမှာကြားခဲ့သည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့သည် ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာရှိ တောင်သူဦးနန္ဒာနေမျိုးမောင်၏ ရေကြီးနစ်မြုပ်မှုကြောင့်စပါးပျက်စီး  စိုက်ဧက(၂)ဧကတွင် ရက်(၉၀)စပါးမျိုးအား ကောက်စိုက်သမများဖြင့်စိုက်ပျိုးနေမှုအားလည်းကောင်း၊ ပိုက်ဆံလျှော်(၅)ဧက မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးနေမှုအားလည်းကောင်း၊ ရေကြီးနစ်မြုပ်ထိခိုက်လယ်မြေများကို ဓာတ်မြေဩဇာစုပေါင်းကြဲပက်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ရေတက်ရောက်မှုကြောင့်ထိခိုက်ပျက်စီးခဲ့မှုအ ခြေအနေများ၊ မျိုးစပါးပျိုးထောင်ရရှိမှု၊ပြန်လည်စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျထည့်သွင်းသုံးစွဲရေး၊ ပျက်စီးစိုက်ဧကများ အချိန်မီဖြည့်တင်းစိုက်ပျိုးနိုင်ရေး၊ တစ်သီးမှ နှစ်သီး၊ သုံးသီးအထိ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေး၊အထွက်တိုးမျိုးများသုံးစွဲနိုင်ရေး၊ အောင်ရေရရှိရေးကိစ္စများကို တောင်သူများနှင့်ဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ 

ဆက်လက်၍ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်‌ေရးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အတူ မြန်အောင်မြို့နယ်၊ တာမိုင်(၅/၆မှ၅/၈)အကြားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊  မကျီးစုတာ၊ တာမိုင်(၆)မိုင်(၃)ဖာလုံရှိ ကမ်းပြိုမှုအခြေအနေများနှင့် မြန်အောင်မြို့၊လွန််ဆေးမြိုင်ပန်းခြံအနီးကမ်းပြိုမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဧရာဝတီမြစ်ရေကြီးသည့်ကာလအတွင်း မကျီးစုတာအား ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် တာပဲ့ကျမှုဖြစ်ပွားခြင်းနှင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပန်းတာတည်ဆောက်မည့်အခြေအနေနှင့် ကမ်းထိန်းတမံတည်ဆောက်မည့်အခြေအနေများ၊ မြန်အောင်မြို့၊လွန်ဆေးမြိုင်ပန်းခြံနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများအနီးတွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့်အခြေအနေ၊ ယာယီကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကမ်းထိန်းတမံတည်ဆောက်မည့်အခြေအနေများအား ဧရာဝတီတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးတို့က ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လာမည့်မိုးရာသီမြစ်ရေမတက်မီကာလအတွင်း ပန်းတာတည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်နှင့် ကမ်းထိန်းတမံများကိုလည်း အချိန်မီတည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်၊ လွန််ဆေးမြိုင်ပန်းခြံအနီးကမ်းပြိုမှုအားယခုနှစ်ရေနည်းချိန်ကာလအတွင်းအပြီးသတ်ဆောင်ရွက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် နေရာများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ၍ စီမံဆောင်ရွက်သွားရန် မှာကြားပါသည်။

ထို့နောက် အင်္ဂပူမြို့အမှတ်(၂)ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ တောင်သူဦးရာဇာအောင်၏ စိုက်ဧက(၅)ဧကတွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မှော်ဘီ-၃စပါးမျိုးအား ဓာတ်မြေဩဇာနှင့် သဘာဝမြေဇာ ရောစပ်ကြဲပက်ပွဲသို့တက်ရောက်အားပေးခဲ့ပြီး သဘာဝမြေဩဇာ သုံးစွဲမှုဖြင့် စပါးအထွက်တိုးတက်မှုအခြေအနေများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းအသုံးပြုမှုနှင့် မြေဆီလွှာပြန်လည်ကောင်းမွန်လာမှုအခြေအနေများ၊ သဘာဝမြေဩဇာအား ကိုယ်တိုင်ထုတ်လုပ်သုံးစွဲ၍ သွင်းအားစုကုန်ကျစရိတ်များသက်သာစေသည့်အခြေအနေများ၊ တစ်ဧကအထွက်နှုန်း၊ ကုန်ကျစရိတ်များနှင့် အထွက်တိုးမျိုးစပါးများအသုံးပြုမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့်သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာပြန်လည် ကောင်းမွန်လာမှုအခြေအနေများအား တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ တောင်သူများကိုယ်တိုင်လိုက်ပါဆောင်ရွက်လာစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီးတောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များမှ Tablet များဖြင့် တစ်အိမ်တက်ဆင်းသန်းခေါင်စာရင်း ကောက်ယူနေမှုများနှင့် စာရင်းကောက်များ ဘာသာစကားအခက်အခဲမရှိစေရေး အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ 

03-Oct-2024