ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၂ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီးသို့ သွားရောက်ခဲ့ကာ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူများ ကပ်လှူပူဇော်ဖူးမြော်ခဲ့ပြီးဂေါပကအဖွဲ့သို့အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် စေတီတော်ကြီးဝင်းအတွင်း ငဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ စေတီတော််ကြီးသို့ဦးတည်စီးဆင်းနေသည့်ငဝန်ရေလမ်းကြောင်းအခြေအနေများကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ရှေးဟောင်းသမိုင်းဝင်စေတီတော်များ၊သာသနိကအဆောက်အဦများပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိမ်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ယာယီရေဘေးရှောင်ပြည်သူများအား ဆန်၊ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ အလားတူ အိုင်သပြုကျေးရွာ၊ မန်းကျောင်းကျောင်းတိုက်၊ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ယာယီရေဘေးရှောင်ပြည်သူများအား ဆန်၊ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မင်္ဂလာရာမကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် မင်္ဂလာရာမကျောင်းတိုက်သီလရှင်ကျောင်းရှိ သီလရှင်ဆရာကြီးတို့အားဖူးမြော်ကြည်ညို၍လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားတင်ပြခဲ့သည်။ အလားတူ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးသာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့သည်။ ထို့အတူ သီတာရုံကျောင်းတိုက်၊ ဒီပါရုံကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအားဖူးမြော်ကြည်ညိုခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီးသာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ ကြောင်းသိရသည်။

23-Jul-2024