ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် အပတ်စ‌ဥ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန်ရှင်းသာယာလှပရေးစေရေးအတွက် အပတ်စ‌ဥ်စနေနေ့တိုင်းတွင် ဘုရား၊ စေတီ၊ ပုထိုးများ၊  သာသနိကအဆောကိအဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်‌ရှိ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်ဝန်းနှင့် ရွှေစည်းခုံဘုရားအတွင်းစုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်  ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်‌ရှိ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများပါဝင်သော အင်အား(၁၅၀)ဦးနှင့်  ရွှေစည်းခုံဘုရားပရဝုဏ်အတွင်း၌ အင်အား (၁၁၀)ဦးတို့က ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

20-Jul-2024