ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့်မြို့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇူလိုင်လ ၁၇ ရက်နေ့နံနက်ပိုင်းတွင် ငဝန်မြစ်ကမ်းဘေးရှိမြို့များ၌ မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဟင်္သါတခရိုင်၊ လေးမျက်နှာမြို့ ခတ္တူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်စတုမုခထူပါရုံဘုရားကြီး ရေတက်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန်၊ သဲအိတ်များကြိုတင်စုဆောင်းထားကြရန်မှာကြားခဲ့ပြီး ဟင်္သါတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုစုရွာ ငွေသောင်ယံဘုန်းတော်ကြီးကျောင်းတွင်ရေဘေးသင့်အိမ်ထောင်စုများနှင့်ကျောင်းသားကျောင်းသူများအားတွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်း​ဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးကတိရစ္ဆာန်များအန္တရာယ်ကင်းစေရေး၊အစာကျွေးမွေးရာတွင် ဂရုပြုရမည့်အချက်များအားလည်းကောင်း၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ရေသန့်ဆေးပြားများဖြန့်ဝေပေးပြီး အသုံးပြုပုံများ၊ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးကြိုတင်ကာကွယ်ရေးနည်းလမ်းများအားလည်းကောင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများက စာသင်ကျောင်းဆောင်လိုအပ်နေမှုများနှင့် ဒေသဖွံ့ ဖြိုးရေးဆိုင်ရာတင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးထောက်ပံပစ္စည်းများပေးအပ်ခဲ့။

ဆက်လက်၍ ​လက်ပံလှကျေးရွာအုပ်စု လက်ပံလှဘုန်းတော်ကြီးကျောင်းနှင့် သက္ကယ်ပြင်ကျေးရွာအုပ်စု သဲထုံးရွာ သာသနာ့အောင်မြေဘုန်းတော်ကြီးကျောင်းတို့တွင် ရေးဘေးသင့်အိမ်ထောင်စုများအားတွေ့ဆုံ အားပေးစကားပြောကြားပြီး တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက တိရစ္ဆာန်များပိုးမွှားအန္တရာယ်နှင့်ရာသီဥတုဒဏ်ခံနိုင်ရေး၊သန့်ရှင်းသည့်နေရာများသို့ ပြောင်းရွှေ့နေရာချထားရေး၊ အစာကျွေးရာတွင်ဂရုပြုရမည့်အချက်များအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရေသန့်ဆေးပြားများဖြန့်ဝေပေးပြီး အသုံးပြုပုံများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများအားလည်းကောင်း၊ကျောင်းအုပ်ဆရာမကြီးမှကျောင်းဆောင်အသစ်လိုအပ်ချက်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံဖြိုးရေးဆိုင်ရာတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝင်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရန်၊ရေကြီးမှု၏ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးဂရုစိုက်​ကြရန် ၊ ရေသန့်ဆေးပြားများ ဖြန့်ဝေပေးပြီး စနစ်တကျအသုံးပြုစေရေး၊ အခြေခံပညာစာသင်ကျောင်းအချို့ ရေကြီးနစ်မြုပ်သဖြင့် ကျောင်းသားကျောင်းသူများ သွားလာရခက်ခဲသည့်စာသင်ကျောင်းများအား ခေတ္တယာယီပိတ်ထားရကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များထက်မြစ်ရေကြီးမြင့်နိုင်သောကြောင့် ဂရုပြုဆောင်ရွက်ကြရန်နှင့်အရေးပေါ်ဆက်သွယ်ရေးဖုန်းလိုင်းများ အချိန်နှင့်တပြေးညီ အချိတ်အဆက်မိစေရေး လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရေးဘေးသင့်အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၂)ထုတ်၊ ရေသန့်(၅)ဗူးနှင့် တိရိစ္ဆာန်အစားအစာနှင့်ဆေးဝါးပစ္စည်းများ၊ ရေသန့်ဆေးကဒ်များထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဟင်္သါတခရိုင်၊ဆည်မြောင်းရိပ်သာ၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာနဒုတိယ၀န်ကြီးဦးဘိုဘိုကျော်နှင့်အဖွဲ့အားတွေ့ဆုံကာ မြစ်ရေရောက်ရှိလာနိုင်မှုနှင့် မြစ်ကမ်းထိန်းတာများကြံ့ခိုင်ရေး လူပစ္စည်းအသင့်စုဖွဲ့ထိန်းသိမ်းဆောင်ရွက်နေမှုနှင့်  ဆက်လက်ဆောင်ရွက်မည့်အစီအမံများအားညှိနှိုင်းဆွေးနွေးခဲ့​ကြောင်းသိရသည်။

17-Jul-2024