ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့် မြို့၊ ရွာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဟင်္သါတမြို့နယ် ဖောင်ဆိပ်ကျေးရွာအနီးရှိ ဖြတ်တာ(၁-ဂ)နှင့် ဖြတ်တာ(၁-င) တာဝိုင်းအတွင်း ရေသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးမှဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာ (၁-ဂ) သည် ဧရာဝတီမြစ် ကမ်းပြိုကမ်းစားရာတွင်ပါဝင်သွားနိုင်သဖြင့် ၎င်း၏ နောက်ဘက်မှ ဖြတ်တာ(၁-င) ကို တည်ဆောက်ပြီးဖြစ်ကြောင်း၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်၄၄ပေ အထက်ကျော်လွန်ရောက်ရှိလာပြီဖြစ်သဖြင့် ဖြတ်တာ (၁-ဂ)၏ ရှေ့ဘက်တွင် ကမ်းပြိုမှုဖြစ်ပွား နေပြီး မြစ်ရေအရှိန်ဖြင့် တိုးဝင်ခြင်းမရှိစေရန်  တာဝိုင်းအတွင်းသို့ ဆိုင်ဖွန်ပိုက် ၅ ခု ဖြင့် ရေကြိုတင်ဖြည့်သွင်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ 

ဆက်လက်၍ ဟင်္သါတမြို့နယ် ကိုင်းချောင်းကျေးရွာအုပ်စု ကိုင်းချောင်းရွာ ဝါးတောကျောင်းတိုက်တွင်ပြုလုပ်သည့် ကိုင်းချောင်းအုပ်စု မန်ကျည်တောကျေးရွာရှိ ရေဘေးကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကာအားပေးစကားပြောကြားခဲ့ပြီး ယာယီရွှေ့ပြောင်းနေထိုင်သည့်အိမ်ထောင်စု (၁၇၆)စုအတွက်  တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ၁ ပိဿာ၊ ဆား ၁ ပိဿာ၊ ကြက်ဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက်နှင့်သောက်ရေသန့်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ခဲ့သည်။

15-Jul-2024