နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့နယ်တွင် စံပြကွက်စပါးရိတ်သိမ်းခြင်းနှင့်ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု၊ ၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်​ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦး​စောလင်းခယ်တို့လိုက်ပါလျက် ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ် မွေတော်ရှမ်းစုကျေးရွာရှိ တောင်သူဦးတင်ဖေ၏ လယ်​မြေဧက(၁၀၀)စံပြကွက်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်သမဖြင့်ကြိုးတန်း လက်စိုက်စိုက်ပျိုးခြင်း၊ တောင်သူဦးတင်ထွေး၏လယ်​မြေတွင် တတိယသီးနှံ စပါးရိတ်သိမ်းမှုအခြေအနေများအား  လှည့်လည်ကြည့်ရှုအား​ပေးခဲ့ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ တောင်သူ ဦးကျော်ရွှေ၏ လယ်​မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားသို့ ​တက်​ရောက်၍ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအားတွေ့ဆုံကာ မိုးစပါးအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိ​ရေးအတွက် အထွက်တိုး မျိုးကောင်း မျိုးသန့်များအား နည်းစနစ်ကျကျစိုက်ပျိုးကြရန် လမ်းညွှန်မှာကြားပြီး ကောက်စိုက်စက်၊ လက်စွဲ​ကောက်စိုက်စက်၊ စပါးမျိုး​စေ့ချကိရိယာနှင့်ကြိုးတန်း လက်စိုက် စိုက်ပျိုး​နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အူကျွန်းကျေးရွာနှင့် အနီးပါတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သွင်းအားစုများ ​ထောက်ပံ့​ပေးအပ်ခဲ့ ကြသည်။ 

ထို့​နောက် အိမ်မဲမြို့နယ်၊ ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စုတွင် ၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က "ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး​မြေများအား ​မြေဆီ​မြေသြဇာများ တိုးတက်​ကောင်းမွန်​စေ​ရေး၊ အထွက်နှုန်းများတိုးတက်​စေ​ရေးအတွက် တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ​ရေ​တော်မိုး​တော်စိုက်ဧကများတွင် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)များ ထည့်သွင်းစိုက်ပျိုးသည်မှာ သုံးနှစ်တိုင်ရှိပြီဖြစ်​ကြောင်း၊ သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းစိုက်ပျိုးခြင်း​ကြောင့် ​မြေဆီလွှာများ သိသိသာသာ ​ကောင်းမွန်လာသည်ကို​တွေ့ရှိရပါ​ကြောင်း၊ နိုင်ငံတော်အစိုးရမှ တိုင်းပြည်သာယာဝ​ပြော​ရေး၊ စား​ရေရိက္ခာဖူလုံ​ရေးအတွက် ကြိုးပမ်း​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ​တောင်သူများအ​နေဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုများကို ​လျော့ချ၍ သဘာဝ​မြေသြဇာများကိုထည့်သွင်းစိုက်ပျိုးရမည်ဖြစ်ပြီး သဘာဝမြေဩဇာသုံးစွဲခြင်းသည် ကုန်ကျစရိတ်များကိုလည်းများစွာ သက်သာစေမည်ဖြစ်ပါကြောင်း" အမှာစကား ပြောကြားခဲ့သည်။ 

ထို့နောက် ဧရာဝတီတိုင်းဒေကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက " တိုင်း​ဒေသကြီးတွင် ကြဲခင်းစနစ်များပ​ပျောက်​ရေးအတွက် ​ကောက်စိုက်စက်၊ လက်စွဲ​ကောက်စိုက်စက်၊ စပါးမျို့​စေ့ချကိရိယာများဖြင့် စိုက်ပျိုးလျက်ရှိပါ​ေကြာင်း၊ စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက်​စေ​ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေဖြင့် သွင်းအားစုများ ​ထောက်ပံ့​ပေးလျက်ရှိပါ​ကြောင်း၊ စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက်​စေ​ရေး၊ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေး၊ သီးထပ်စွမ်းအားတိုးတက်​စေ​ရေးအတွက် တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့်ကြပ်မတ်​ဆောင်ရွက်လျက်ရှိရာ လိုက်ပါ​ဆောင်ရွက်​ပေးကြသည့် ​တောင်သူကြီးများကိုလည်း ​ကျေးဇူးအထူးတင်ရှိပါ​ကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် တစ်ဧက ၁၀ တင်းနှုန်းတိုးတက်ထွက်ရှိ​အောင် မျိုး၊ ​မြေ၊ ​ရေ၊ နည်း နည်းလမ်းလးသွယ်ဖြင့် ကြိုးပမ်း​ဆောင်ရွက်လျက်ရှိပြီး ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​အောင် ဆက်လက်ကြိုးပမ်း​ဆောင်ရွက်သွားမည်ဖြစ်ပါ​ကြောင်း၊ မိုးစပါး စိုက်ပျိုးရာသီပြီးစီးပါက ဆီထွက်သီးနှံစိုက်ပျိုး​ရေးဇုန် ၂ ခု အ​ကောင်အထည်​ဖော်စိုက်ပျိုးသွားမည်ဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ​မြေပဲများကိုလည်း ပန်းတိုင်အထွက်နှုန်း​ရောက်​​အောင် ကြိုးပမ်း​ဆောင်ရွက်မည်ဖြစ်​ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းကြ​စေလို​ကြောင်း" ​ပြောကြားခဲ့ပါသည်။

ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေဖြင့် မိုးစပါးစိုက်ပျိုး​ဆောင်ရွက်​သောတောင်သူများအား ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့​နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူဦးညွှန့်သိန်း၏ လယ်မြေ(၈)ဧကတွင် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်နေမှု၊ ​ကောက်စိုက်စက်၊ လက်စွဲ​ကောက်စိုက်စက်၊ စပါးမျိုး​စေ့ချကိရိယာဖြင့် မိိုးစပါးစိုက်ပျိုး​နေမှုနှင့် ကြိုးတန်း လက်စိုက်စိုက်ပျိုး​နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

14-Jul-2024