နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​မိုးမင်းနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ ​နေ့လယ်ပိုင်းက မအူပင်ခရိုင်၊  ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီလီမစ်တက် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့ရောက်ရှိပြီး ထူးထက်ဟန်ကုမ္ပဏီလီမစ်တက် အတွင်းရေးမှူး ဦးဟိန်ထက်အောင်က လယ်ယာ၊ သား၊ ငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအဆင့်ဆင့်ကို  အလုံပိတ်လေးအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှုများအား (Power Point) ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ သိရှိလိုသည်များမေးမြန်း၍ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၂၀၂၄- ၂၀၂၅) မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တောင်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဥ်း၍ လမ်းညွှန်အမှာစကားများပြောကြားခဲ့သည်။ ထို့​နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်သော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား သွင်းအားစုနှင့် မျိုးစေ့များပေးအပ်ခြင်း၊ တိုင်းဒေသကြီးရန်ပုံငွေမှ အင်ဂျင်ပါဝါသုံး (၆) တန်းသွား လက်ဆွဲကောက်စိုက်စက် (၁)လုံးအား ပန်းတနော်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ တောင်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် ပေးအပ်ခဲ့ကြောင်းသိရသည်။

12-Jul-2024