တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့် ရတနာပုံအက်ဖ်စီတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေး

၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရတ်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ​ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည်သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေစပါးသည် ပန်းတိုင်အထွက်နှုန်းကိုရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် မိုးစပါး တစ်ဧက ၁၀ တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိ​ရေး ​ဆောင်ရွက်လျက်ရှိပြီး မိုးစပါးပန်းတိုင်အထွက်နှုန်း​ရောက်ရှိအောင် ဆက်လက်ကြိုးပမ်း​ဆောင်ရွက်သွားမည်ဖြစ်ပါ​ကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးစီးပါက တိုင်း​ဒေသကြီးတွင် ဆီထွက်သီးနှံ စိုက်ပျိုး​ရေးဇုန်နှစ်ခု အ​ေကာင်အထည်​ဖော်​ဆောင်ရွက်သွားမည်ဖြစ်ပြီး ​မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ များကိုလည်း ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​အောင် ​ဆောင်ရွက်သွားမည်ဖြစ်ပါ​ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တောင်သူများထံသို့ သွင်းအားစုများသတ်မှတ်ကာလအတွင်း အချိန်မီရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများကလည်း သွင်းအားစုများကို သတ်မှတ်နှုန်းထားအတိုင်း အပြည့်အဝထည့်သွင်းစိုက်ပျိုးရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးရည်မှန်းချက်ပြည့်ဝစေရန် အားလုံး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အိမ်မဲ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် သားဖွားခန်း ၊ ခွဲစိတ်ခန်းပါ တိုးချဲ့ နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊  ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  သားဖွားခန်း၊ ခွဲစိတ်ခန်းပါတိုးချဲ့ နှစ်ထပ်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တွင်  ပြည်သူများအတွက် ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများရရှိစေရန် အိမ်မဲမြို့နယ်၊ ( ခုတင်-၅၀ ) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးရုံးနှင့် ဆေးရုံတိုးချဲ့ဆောင်အသစ်အား တည်ဆောက်နိုင်ခဲ့ပြီး ဖွင့်လှစ် အသုံးပြုနိုင်တော့မည်ဖြစ်၍ မင်္ဂလာရှိသည့်နေ့ဖြစ်ပါကြောင်း၊ အဆောက်အဦးများအား ရေရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ပြည်သူများ အားကိုးယုံကြည်ရသော ဆေးရုံ ဖြစ်အောင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ဦးဆောင်ပြီး ကျန်းမာရေး၀န်ထမ်းများအားလုံး ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဂုဏ်ပြုစကားများပြောကြားခဲ့သည်။ 

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများအား နေရာအရောက်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူ ဦးမြင့်စိုး၏ စိုက်ဧက( ၁၉ )ဧကတွင် ဗျော့ထွန်းစပါးမျိုးအား ကောက်စိုက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် အတန်းလိုက်(လက်စိုက်) စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လည်းကောင်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည် ညနေပိုင်းတွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ကျင်းပသည့် Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့် ရတနာပုံအက်ဖ်စီတို့၏ ပွဲစဥ်သို့တက်ရောက်အားေပးခဲ့ပြီး တိုင်းေဒသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြကာ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေးခဲ့​ကြောင်းသိရှိရပါသည်။

07-Jul-2024