တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေး

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်သို့ သွားရောက်၍ ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မောင်တို့မယ်တို့ လူငယ်များသည် ပြည့်ခွန်အားများ ဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်ရည်ပြည့်ဝပြီးပညာရယူနိုင်သည့် နည်းလမ်အသွယ်သွယ်မှ မိမိတို့ကိုယ်တိုင်အပတ်တကုတ်ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ​တော်အစိုးရအ​နေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျှက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊ အဆင့်မြင့် အားကစားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ဘက်​ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်မောင်မယ်များဖြစ်စေရေး ​လေ့ကျင့်ပြုစုပျိုးထောင်​ပေးခြင်းဖြစ်ပါ​ကြောင်း၊ မောင်တို့မယ်တို့အ​နေဖြင့် မိမိတို့မျှော်မှန်းထားသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်အသီးသီးတွင် အောင်မြင်သည့်လူငယ်များဖြစ်ကြ၍ နိုင်ငံ​တော်နှင့် တိုင်း​ဒေသကြီးအတွက် အားထားရသည့် ​လူငယ်များဖြစ်ကြပါစေကြောင်း” အမှာစကားများပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းစာသင်ဝိုင်း သို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြများမှ အခြေခံရေကူးသင်ခန်းစာ၊ လှေလှော်သင်ခန်းစာ (Fixed Test Training) နှင့် ရွက်လွှင့်သင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

04-May-2024