မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၃.၅.၂၀၂၄)နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်​မော်တင်စွန်း စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရုဏ်ခံတန်ဆောင်းဆောက်လုပ်ရန်လုပ်ငန်းခွင်ရှင်းလင်းပြင်ဆင်နေမှုနှင့်ပစ္စည်းစုဆောင်းနေမှု၊ အပြီးသတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ စေတီတော်မြတ်ကြီး အနေကဇာဆောင် ပြုပြင်မွမ်းမံပြီးစီးမှုနှင့် ​မြောက်ဘက်မုခ် ​ရေကန်လုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြုပြင်တည်ဆောက်ထားသည့် ​စေတီ​တော်မြတ်ကြီး၏ သာသနိကအဆောက်အဦများ ​ရေရှည်ခိုင်ခံ့စေရေး သပ်ရပ်သန့်ရှင်းစွာအသုံးပြုရန် ဂေါပကအဖွဲ့မှထိန်းသိမ်းကြပ်မတ်ရန်၊ အနှုတ် ၁၂ ပေတွင် လေဒဏ်မိုးဒဏ်ခံနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ရင်ပြင်တော်ရေစီးရေလာကောင်းမွန်စေရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီ​​အောင်​ဆောင်ရွက်ရေး၊ အပတ်စဥ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး၊ မိုးရာသီတွင်အရိပ်ရလေကာပင်ပန်းအလှပင်များစိုက်ပျိုးရေး၊ စေတီတော်ကြီးပရ၀ုဏ်အတွင်းအပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်၊ ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

04-May-2024