ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို (၂.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် လျာထားစိုက်ဧကနှင့်ထွက်နှုန်းများရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရိုးပြတ်ကျန်ဧကများလျော့နည်းစေရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့် စိုက်ဧကနှင့် အထွက်နှုန်းများမှန်ကန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် မျိုး၊မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါ​ကြောင်း၊ ရေ​တော်မိုး​တော် စိုက်ဧက(၂၇)သိန်း​ကျော်တွင် သစ်စိမ်း​မြေဩဇာ(ပိုက်ဆံ​​လျှော်) ထည့်သွင်းစိုက်ပျိုးနိုင်​ရေး၊ ကြဲခင်းများ လျော့နည်းပ​ပျောက်စေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပီ​လောပီနံတိုးချဲ့ စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးတွင် စားသုံးဆီဖူလုံ​ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်အောင် တာဝန်ရှိသူအားလုံးက တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် အစည်းအဝေးသို့တက်ရောက်လာသူများကလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကားများပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ‌နွေစပါး၊ မိုးစပါးစိုက်ပျိုးရိတ်သိမ်းထွက်ရှိမှု၊ ပိုက်ဆံလျှော်မျိုးစေ့များစုဆောင်းထားရှိမှု၊ အစေ့ချစိုက်ပျိုးခြင်းနှင့် နည်းစနစ်ပြောင်းလဲအသုံးပြုနိုင်ရေး Drum Seeder များဝယ်ယူဆောင်ရွက်မည့်အခြေအနေများ၊ သီးထပ်စွမ်းအားမြင့်မားရေးအတွက် သုံးသီးစိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ခရိုင်ရှစ်ခရိုင်မှ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး၊ သစ်စိမ်းေမြဩဇာ(ပိုက်ဆံလျှော်) တိုင်းလုံးကျွတ်ထည့်သွင်းစိုက်ပျိုးနိုင်ရေးတို့နှင့်ပတ်သက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တိုင်းေဒသကြီးမြေစာရင်းဦးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း​၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီးက စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား​ရေးအတွက်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

03-May-2024