ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဒုတိယနေ့ ပြသရောင်းချနေမှုများ ကြည့်ရှု

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ဒုတိယနေ့ ပြသရောင်းချနေမှုများကို ဌာနဆိုင်ရာများနှင့်ပြည်သူများက လာရောက်လေ့လာဝယ်ယူနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ဌာနဆိုင်ရာများနှင့်ပြည်သူများသည် တိုင်းဒေသကြီးအတွင်းရှိခရိုင်ရှစ်ခရိုင်မှပြသထားသည့် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ Gasifier ၊ ဆားလုပ်ငန်းများ၊ စားသောက်ကုန်များအရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးဝယ်ယူခဲ့ကြပြီး ခင်းကျင်းပြသထားသည်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူများ လေ့လာနိုင်ရေးအတွက် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ပြသရောင်းချခဲ့ကြောင်းသိရသည်။

01-May-2024