အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ဧည့်သည်တော်များသည် ခရိုင် (၈)ခရိုင်မှပြသထားသည့် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ Gasifier၊ ဆားလုပ်ငန်းများ၊ စားသောက်ကုန်များအရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်ပြခန်းများအလိုက် စက်မှုထုတ်ကုန်များ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အကျိုးပြုမှုအခြေအနေများအား စနစ်တကျရှင်းလင်းစေရေး၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုထုတ်ကုန်များ၊ ဒေသထွက်ကုန်များပိုမို ထုတ်လုပ် စေရေး၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူများ လေ့လာနိုင်ရေးအတွက် ၂၉.၄.၂၀၂၄ရက်နေ့မှ ၁.၅.၂၀၂၄ရက်နေ့အထိ ပြသရောင်းချသွားမှာဖြစ်ကြောင်းသိရသည်။

29-Apr-2024