ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုတွင် ‌နွေစပါးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုရှိ တောင်သူဦးသောင်းကြည်၏ ​စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါး စိုက်ဧက (၅)ဧကတွင် မှော်ဘီ-၃ မျိုးစပါး စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါတောင်သူ၏ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် စပါးအ​ခြောက် (၂၂၂.၆)တင်းနှုန်း ထွက်ရှိခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဥရှစ်ကွင်းကျေးရွာ အခြေခံပညာမူတန်းကျောင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

25-Apr-2024