တိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ ​ရေကြည်မြို့၊ သီတာရုံကျောင်းတိုက်ဆရာတော်နှင့် ဒီပါရုံကျောင်းတိုက်ဆရာတော်ကြီးများအား ဖူး​မျှော်ကြည်ညို

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း​ဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့ပေါ်ရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများသည် ကျုံပျော်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် ဆရာ၊ ဆရာမများက စာသင်ဝိုင်း (၃)ဝိုင်းတွင် အရေး၊ အဖတ် သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံ​ပျော်မြို့နယ်၊ ရှမ်းစုကျေးရွာအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့ရောက်ရှိ၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်း (၃)ဝိုင်းတွင် စာသင်သားများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းသို့ရောက်ရှိ၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်သားများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအတွက်လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ သီတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုဓမ္မိသရအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာ​ရေးဆိုင်ရာများ​လျှောက်ထားခဲ့ပါသည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီပါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဗောဓိကုဏ္ဍလအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

12-Apr-2024