ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်

၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅.၄.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မဟာသင်္ကြန် ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ပါကြောင်း၊ သင်္ကြန်ရေကစားမဏ္ဍပ်များအား လှပတင့်တယ်သောဒီဇိုင်းများဖြင့် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် ရေကောင်းရေသန့်များရရှိအောင် စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလ မှတ်တမ်းတင် ရိုက်ကူးရေး၊ အချိန်မီသတင်း ထုတ်ပြန်နိုင်ရေးကိစ္စများကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပွဲတော်ကာလအတွင်း မူးယစ်ရမ်းကား မှုများမရှိစေရေး၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှုများမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေး အတွက် လုံခြုံရေးအစီအစဉ်များနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရား တော်များနာယူခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွား ပူဇော်ခြင်းများကိုလည်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အားလုံး ပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွဲသည့် သင်္ကြန်ဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။

ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့် ဗဟိုမဏ္ဍပ်နေ့စဉ် ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေး လုပ်ငန်း ကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည်ရောင်းချရေးကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

06-Apr-2024