ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်

၂၀၂၄ခုနှစ်၊ ဧပြီလတွင်ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာ တက်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁) တွင် ညနေပိုင်းတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးပညာရေးမှူးမှ ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှု၊ နည်းပြ၊ ကြီးကြပ်နှင့်စာသင်သားများနှင့် စာသင်ဝိုင်းများ ဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်နည်းပြသင်တန်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်မည့်အခြေအနေများနှင့်သင်တန်း ဖွင်လှစ်မည့်အခြေအနေများအားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သင်တန်းနည်းပြ၊ ကြီးကြပ်များအတွက် သွားလာနေထိုင်ရေး၊ စားသောက်ရေးဆိုင်ရာကိစ္စများ အဆင်ပြေစေရေး၊ စာသင်သားများ စနစ်တကျစုစည်း ထားရှိနိုင်ရေး၊ စာသင်ဝိုင်းနေရာများရွေးချယ်ရေး နည်းပြများအနေဖြင့်လည်း စေတနာထားသင်ကြားပေးရေးနှင့် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း အောင်မြင်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။. ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းအား နည်းပြ ၁၇၇၁ဦး၊ ကြီးကြပ် ၂၁၇ဦး၊ စာသင်သား ၂၅၀၁၆ဦး၊ စာသင်ဝိုင်း ၁၇၇၁ဝိုင်းဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

29-Mar-2024