တိုင်းဒေသကြီးဝန်ကြီးချုပ် ဆောင်းနေကြာစံပြ(၁၀)ဧက စံကွက်ရိတ်သိမ်းပွဲအခမ်းအနားအား တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ တောင်သူ ဦးမြင့်သိန်း၏ စိုက်ဧက( ၁၀)ဧက တွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ Super Sun 41 ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေကြာစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဌာဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အပွင့်အရေအတွက် အရွယ်အစားအလိုက်အောင်စေ့ထွက်ရှိမှု၊ မျိုးရွေးချယ်မှုများ၊ အထွက်နှုန်းများ၊ နေကြာဆီကြိတ်ခွဲမှုများအားစနစ်တကျမှတ်တမ်းထားရှိရန်၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရန်နှင့် ရိတ်သိမ်းပြီးနေကြာပင်များအား သဘာဝမြေသြဇာ များပြုလုပ်၍ အကျိုးရှိစွာ အသုံးပြုရန်မှာကြားခဲ့ပါသည်။ အဆိုပါ ( Super sun-41 )ဆောင်းနေကြာစံပြကွက် ရိတ်သိမ်းရာမှ (၁)ဧကလျှင် နေကြာတင်း ပျမ်းမျှ (၂၈.၂၅)တင်း ထွက်ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ် တွင် (၁)မြို့နယ်လျှင် နေကြာ (၁၀)ဧက စံပြစိုက်ခင်းများထူထောင်၍ ဆီဖူလုံမှုရှိစေရေး တောင်သူများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

28-Mar-2024