ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ၀န်ရှိဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၃၁.၁၀.၂၀၁၇) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ၀န်ရှိဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆရာတော်များအား ကထိန်သင်္ကန်း၊ အလှူငွေနှင့် ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ စုပေါင်းမဟာဘုံကထိန် အခမ်းအနားတွင် ပဒေသာပင်ပေါင်း (၇၂)ခုအား ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ ခွဲဝေလှူဒါန်းခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေစုစုပေါင်း တန်ဖိုး (၂၇၇၆၁၇၉၅)ကျပ် လှူဒါန်းခဲ့ပါသည်။

01-Nov-2017