ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၃၁.၁၀.၂၀၁၇) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးဒုတိယလွှတ်တော်ဥက္ကဌ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံမှ သာသာဝင်များနှင့်အတူ ပုသိမ်မြို့၊ ရှုခင်းသာရင်ပြင်၌ ကျင်းပပြုလုပ်သည့် ညီညာပေါင်းစု ပြည်ထောင်စု ချစ်ကြည်လက်တွဲ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များမှ ငြိမ်းချမ်းရေး ဆုတောင်းများ အသီးသီးဆုတောင်းကာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ငြိမ်းချမ်းရေး ချိုးငှက်များလွှတ်ခဲ့ပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ စုစုပေါင်း (၃၀၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

01-Nov-2017