ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးတောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြပြီးနောက် ဒေသခံတောင်သူများက မိုးစပါးစိုက်ပျိုးရေးအတွက် ပြင်ဆင်ဆောက်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့များအနေဖြင့် မြေပြင်အရောက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ စီမံချက်များရေးဆွဲ၍ တောင်သူများလိုက်ပါဆောင်ရွက်နိုင်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ကြရန်နှင့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများမှ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာရှိ စပါး- ပဲ- စပါး သုံးသီးတိုးတက်စိုက်ပျိုးထားရှိသည့် တောင်သူဦးကြည်ဝင်း၏ တတိယသီးနှံနွေစပါး(ထွန်းသီရိ)(၁၂)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ 

ထို့နောက် ပျဉ်ချဆိပ်ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန  နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၃ ၂၀၂၄ ခုနှစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲတက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးမှူးတို့မှ  မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ကြပြီး တောင်သူများမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အထွက်တိုးမျိုးကောင်းမျိုးသန့် မှော်ဘီ(၃)မျိုးစပါးနှင့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်များပေးအပ်ခဲ့သည်။ 

ထို့သို့ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးတောင်သူများနှင့်တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  မိုးရာသီကာလရောက်ရှိတော့မည်ဖြစ်၍ မိုးစပါးစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊မိမိတို့ဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး ဒေသအတွင်း ဖူလုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိ‌ရန်လိုအပ်နေပါသေးကြောင်း၊ သို့ဖြစ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် အထွက်နှုန်းတိုးစေရေးအတွက် မြေပြင် ခြင်း၊ အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်နည်းစနစ်များဖြင့်စိုက်ပျိုးခြင်း၊   ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အချိုးကျထည့်သွင်းသုံးစွဲခြင်း များဆောင် ရွက်ရမှာဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးရိုးပြက်ကျန်ဧကများတွင် သင့်လျှော်သည့်သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် တစ်သီးမှနှစ်သီး၊နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် မိုးတော်ရေတော် စိုက်ဧက(၁)သိန်းအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၄ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧကအားလုံး ပိုက်ဆံလျှော် အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပါကြောင်းနှင့် တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် လျာထားစီမံချက်အတိုင်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်”ပြောကြားခဲ့ကြောင်းသိရသည်။

15-May-2023