တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်၌ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာရှိ ဓမ္မသုခကာရီကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်သို့ သွားရောက်၍ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေးခဲ့ပြီး ဒေါနတောင်ကျောင်းတိုက်ဆရာတော်အားဖူးမြှော်၍  မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကာ မုန်တိုင်းရှောင် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊အမှတ်(၃)ရပ်ကွက်ရှိ ဆိုဂ်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်ရေးပြင်ဆင်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ကလုန်းရှယ်တာနှင့်ဘုန်း​တော်ကြီး​ကျောင်းများတွင်မုန်တိုင်း​ရှောင်​ရောက်ရှိလာကြသူများအတွက်စား​သောက်မှုအဆင်​ပြေစေရေးဆောင်ရွက်​ပေးရန်မှာကြားခဲ့ကြောင်းသိရသည်။

11-May-2023