ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား တွေ့ဆုံမှာကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုန့်ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်၊အထောက်အကူပြုပစ္စည်းများ ပြင်ဆင်စုဖွဲ့ထားခြင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  လွတ်လပ်ရေးကျောက်တိုင်အားကစားကွင်း၌ ယနေ့ညနေပိုင်းက လိုအပ်သည်များကို တွေ့ဆုံမှာကြားခဲ့ကြောင်းသိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တပ်ရင်းတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteerများ နှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ  လူအင်အား၊ ဆက်သွယ်ရေးယာဉ်များ၊သယ်ယူပို့ဆောင်ရေးယဉ်များ၊ရေသန့်စင်စက်တင်ယာဉ်၊ ရေသယ်ယာဉ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များစုစည်းထားရှိမှုများနှင့်သဘာဝဘေးကူညီကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပြင်ဆင်စုဖွဲ့ထားရှိမှုများ၊ စားသောက်ဖွယ်ရာများစုစည်းထားရှိမှု နှင့် ကော်မတီများအလိုက်စုဖွဲ့ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အစုအဖွဲ့များအနေဖြင့် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အရံသင့်စုဖွဲ့ထားခြင်းဖြစ်ပါကြောင်း၊ ယာဉ်၊ ယန္တရားများလည်းစုစည်းထားရှိပြီး အရေးပေါ်အခြေအနေများတွင် အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ အစုအဖွဲ့များအနေဖြင့် ဘေးသင့်ရာနေရာဒေသများသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်မှာကြားခဲ့သည်။ ထို့နောက် ရွှေပုသိမ်ဧည့်ရိပ်သာသို့ သွားရောက်၍ ‌သဘာဝဘေးကျရောက်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဆန်၊ဆီ၊ဆား၊ရေသန့်နှင့် ခေါက်ဆွဲခြောက်များအား စနစ်တကျသိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝေးကျရောက်သည့်နေရာများကို အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ရန်နှင့် ပြည်သူများ၏လက်ဝယ်အရောက် စနစ်တကျရောက်ရှိရေးတို့ကို အစီအမံများချမှတ်၍ စနစ်တကျဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

09-May-2023