၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ​မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ပေါင်းဆန်စက်တည်ဆောက်​နေမှုအ​ခြေအ​နေများ၊ ဆန်သို​လှောင်ထားရှိရန် ပြင်ဆင်​ဆောင်ရွက်​နေမှုအ​ခြေအ​နေများ၊ဝယ်ယူကြိတ်ခွဲမည့်အ​ခြေအ​နေများ၊  ပြည်ပနှင့် ရန်ကုန်​စျေးကွက်များသို့ တင်ပို့မည့် အ​ခြေအ​နေများ၊ ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်၍  မတ်ပဲတင်ပို့ရောင်းချနိုင်ရန် ပဲသန့်စင်ခြင်းချိန်တွယ်ခြင်းနှင် ပဲနမူနာပေးပို့နိုင်ရန်ဆောင်ရွက်နေမှုများအား ပုသိမ်စက်မှုစီမံကိန်း ဒုတိယဥက္ကဌမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ပြည်ပပို့ကုန်များ အရည်အ​သွေးပြည့်ဝမှုရှိ​စေရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်​ရေးအတွက် အရည်အ​သွေးပြည့်ဝ​သောထုတ်ကုန်များ ထုတ်လုပ်နိုင်​ရေး နှင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များထုတ်ပြန်လျက်ရှိရာ ဝယ်ယူစုဆောင်းထားရှိသည့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးလုံခြုံစွာဖုံးအုပ်ထားရှိရန်၊ အမိုးအကာအောက်များတွင် သိုလှောင်သိမ်းဆည်းထားရန်မှာကြားခဲ့သည်။

09-May-2023