ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၅ ရက်နေ့တွင်ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်များနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၂  မေလ ၅  ရက်နေ့ ညနေပိုင်းအချိန်တွင် တိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပရာ  အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်မှ အမှာစကားပြောကြားရာ ယခင်နှစ်များတွင်ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းဖြစ်ပေါ်ခဲ့မှုအပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့မှု အကျိုးသက်ရောက်မှုများအားသုံးသပ်ရန်လိုအပ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှနှင့် အခြားသောမိုးလေဝသ Website များမှ ထုတ်ပြန်သည့် မိုးလေဝသတင်းများအား ပြည်သူများစောစီးစွာသိရှိ၍ ကြိုတင်ပြင်ဆင်နိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ပင်လယ်ကမ်းစပ်ဒေသနေထိုင်သူများအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုမှာ အလွန်အရေးကြီးပြီး မိုးလေဝသသတိပေးချက်များနှင့်ပတ်သက်၍အချိန်နှင့်တစ်ပြေးညီသိရှိစေရေး၊ပြည်သူများလိုက်နာဆောင်ရွက်စေရေး အသိပေးရန်လိုအပ်ကြောင်း၊မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး အသိပညာပေးခြင်းလုပ်ငန်းများအားကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အသက်ကယ်ကုန်းများ၊ သဘာဝဘေးဒဏ်ခံအဆောက်အဦးများ၊ ဆိုင်ကလုန်းရှယ်တာများကြိုတင်ပြင်ဆင်ထားရှိရန်၊ အစားအစာများ၊ သောက်သုံးရေများစုဆောင်းထားရှိရန်၊ ဆက်သွယ်ရေးစနစ်များပြက်တောက်မှုမရှိစေရေးနှင့် အရံစနစ်များထားရှိဆောင်ရွက်ရန်လိုပါကြောင်း၊အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအားအသေးအဖွဲမှအစ အလေးအနက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပြည်သူများလိုက်ပါဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အောင်နမြင်စွာဆောင်ရွက်နိုင်စေရေး တက်ရောက်လာကြသူများမှ အကြံပြုတးဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိတပ်ရင်းတပ်ဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ထားရှိများရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များကို မိုးလေဝသနှင့်ဇလဗေဒလက်ထောက်ညွှန်ကြားရေးမှုးမှတင်ပြရာ မိုးကြိုကာလတွင် မုန်တိုင်းဖြစ်ပေါ်ခဲ့မှု များနှင့် မေလ ၅ ရက်နေ့ တိုင်းထွာချက်များအရ မေလ ၇ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုမှမုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင် ပြီး ၈ ရက်နေ့ တွင်မုန်တိုင်းငယ်အ ဖြစ်သို့ရောက်ရှိနိုင်ကာ ၁၀ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်မှုနှင့် လမ်းကြောင်းရွေ့လျားမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် သဘာဝဘေးကာကွယ်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကလိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

05-May-2023