ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အခမ်အနားကျင်းပ

ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့တောင်ဘက် အင်္ဂါထောင့်ရှိ မဟာဗောဓိပင်တော် အမှတ်(၁)၊ မဟာဗောဓိပင်တော် အမှတ်(၂)အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတော် မဟာမင်္ဂလာအခမ်းအနားအား ကျင်းပရာ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခောဒကပူဇာ ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့၍ သာဓုသုံးကြိမ် ခေါ်ဆိုပြီးနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ဒုတိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် တရားသူကြီးချုပ်တို့မှ မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ်ပူဇော်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော အဖွဲ့(၁)က   အခမ်းအနားမှူးမှ  “ဇယောဟိဗုဒ္ဓဿ”ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးသောအခါ မဟာဗောဓိပင် ညောင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်‌၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားတက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတို့က အလှည့်ကျနေရာယူ၍ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းဖတ်ကြား၍ အမျှဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့် (ဗုဒ္ဓနေ့)ကိုရည် မှတ်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတော်အား တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၈ခရိုင်မှ မြို့နယ်အသီးသီးတွင် လည်းစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

03-May-2023