၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများပုသိမ်မြို့‌ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ၍ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်

၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများသည် ယနေ့နံနက် ပုသိမ်မြို့‌ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ၍ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။

ဦးစွာ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများသည် ယ​နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၏ ကျက်သရေဆောင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ဆီမီးများ ကပ်‌လှူပူဇော်ခဲ့ကြပြီး အလှူ​ငွေများ စု​ပေါင်းလှူဒါန်းကြရာ ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်​ပေးအပ်ခဲ့ပါသည်။ ထို့​နောက် ဂေါပကအဖွဲ့က စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းအားရှင်းလင်းပြောကြားခဲ့ပါသည်။ 

ယင်းနောက် လူရည်ချွန်မောင်မယ်များသည်ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာရှိ ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းခွင်သို့သွားရောက်ခဲ့ပြီး ငဝန်မြစ်အတွင်းမှ မြစ်ရေတင်ယူ၍ ရေသန့်စင်ဆောင်ရွက်နေမှုများနှင့် မြို့ရေပေးဝေနေမှု အခြေအနေများကိုတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လူရည်ချွန်​ကျောင်းသား/​ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ​လေ့လာမှတ်သားကြပါသည်။

ထို့​နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊တောရကျောင်းလမ်းရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းမှ တိုင်း​ဒေသကြီး၏ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်မှုပညာ ပုသိမ်ထီးလုပ်ငန်းခွင်သို့​လာရောက်​လေ့လာသည့် လူရည်ချွန်ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ခဲ့ပြီး လူရည်ချွန်​ကျောင်းသား​ကျောင်းသူများ စိတ်ပါဝင်စား​ပျော်ရွှင်စွာ ​လေ့လာ​နေမှုများကို ကြည့်ရှုအား​ပေးခဲ့ပါသည်။

ထို့​နောက် ၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ပုသိမ်မြို့​ပေါ်​ရှိ လေ့လာရေးအစီစဥ်​ပေါ်အားရသ​ဘောကျနှစ်သက်မည်ဟုထင်ပါ​ကြောင်း၊ ဧရာ၀တီတိုင်း​ဒေသကြီးရဲ့ဖွံ့ဖြိုးမှုကို​ဖော်ကျူးထားသည့် သမိုင်းသစ်​​ဝေစည်ဧရာ၀တီသီချင်းဖြင့် သရုပ်​ဖော်ထားမှု​နှင့် လူရည်ချွန်​မောင်မယ်များ၏ ခရီးစဥ်တစ်လျောက်လှုပ်ရှား​ဆောင်ရွက်မှုများအား Video Clip ဖြင့်ပြသမှုအား ကြည့်ရှုခံစားရင်း​နေ့လယ်စာကိုသုံး​ဆောင်ကြရမှာဖြစ်​ကြောင်း၊ လေ့လာ​ရေးအစီအစဥ်များနှင့် ​ဖျော်​ဖြေ​ရေးအစီအစဥ်များတွင် စိတ်ပါဝင်စားကြပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် ဝမ်းသာမိပါကြောင်း၊ လေ့လာခရီးစဉ်များတွင်လည်း မောင်မယ်များအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း”ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး လူရည်ချွန် မောင်မယ်တစ်ဦးချင်းစီအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား‌၊‌ကျောင်းသူများကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်မောင်မယ်များနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ပါသည်။ ထို့​နောက် လူရည်ချွန်​ကျောင်းသား​ကျောင်းသူများမှ မြို့​တော်ခန်းမ​ရှေ့ ရှုခင်းသာရင်ပြင်တွင် အမှတ်တရ ဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူရည်ချွန်​မောင်မယ်များ၏ ​လေ့လာ​ရေးခရီးစဥ်များအား လိုက်လံ ကြည့်ရှုအား​ပေးခဲ့ပါသည်။

ဦးစွာလူရည်ချွန်​မောင်မယ်များသည် ပုသိမ်မြို့၊ အမှတ်(၁)ကြိုးတံတားအနီး ပုသိမ်-ချောင်းသာကားလမ်းဘေးရှိ ရွှေမြင်းပျံပုသိမ်ဟာလဝါလုပ်ငန်းသို့​ရောက်ရှိ၍ဟာလဝါပြုလုပ်ပုံအဆင့်ဆင့်နှင့် ထုတ်ပိုးမှု‌နေမှုလုပ်ငန်းများအား စိတ်ပါဝင်စားစွာ လိုက်လံ​လေ့လာခဲ့ကြပြီး ​ရွှေမြင်းပျံ မိသားစုမှ လူရည်ချွန်​ကျောင်းသား​ကျောင်းသူများအား အမှတ်တရ လက်​ဆောင်ပစ္စည်းများ​ပေးအပ်ခဲ့ပါသည်။ 

ဆက်လက်၍ လူရည်ချွန်​မောင်မယ်များသည် ရွှေမြင်းပုသိမ်ဟာလဝါ သူ​ဌေးမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ ​ရောက်ရှိ၍ ပုသိမ်ထီး​ပေါ်တွင် ​ရောင်စုံ​ဆေးပန်းချီများ ​ရေးဆွဲကြခြင်း၊ လက်ပတ်အလှကြိုး​လေးများ ကိုယ်တိုင်ပြုလုပ်ကြခြင်း၊ အမှတ်တရ ဓါတ်ပုံများ​ချစ်ကြည်ရင်းနှီး​ပျော်ရွှင်စွာ ရိုက်ကူးကြခြင်း၊ ဆိုင်အတွင်းခင်းကျင်းပြသထားသည့် ​ဒေသထွက်ကုန်များအား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု​လေ့လာခဲ့ကြသည်။ ထို့​နောက် ​ရွှေမြင်းပုသိမ်ဟာလဝါလုပ်ငန်း မိသားစုများမှ လူရည်ချွန်​ကျောင်းသား/​ကျောင်းသူများအား အမှတ်တရ လက်​ဆောင်ပစ္စည်းများ​ပေးအပ်ခဲ့ပါသည်။

အလားတူ လူရည်ချွန်မောင်မယ်များသည် ပုသိမ်-ငွေဆောင်ကားလမ်းဘေးရှိ ငွေဆောင်အပန်း​ဖြေဆင်စခန်းသို့ သွားရောက်‌လေ့လာကြကာ ဆင်လိမ္မာများ၏ အလှပြကွက်များပြသခြင်းများ ကိုကြည့်ရှုအားပေးခဲ့ပြီး စိတ်ပါဝင်စား​ပျော်ရွှင်စွာ ​လေ့လာ လည်ပတ်ခဲ့ကာ ဆင်အစာများကျွေးမွေးခဲ့ကြောင်းသိရသည်။

01-May-2023