(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် လပွတ္တာမြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် လပွတ္တာမြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ပိန္နဲတောင်ကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်းမကြီးမှ ပိန္နဲတောင်ကျေးရွာသို့ဆက်သွယ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လမ်းအရှည် (၁/၂.၅)မိုင်အား ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာ ရွာရှိ အိမ်ခြေ ၅၅၃ အိမ်၊ လူဦးရေး ၂၁၈၇ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးများစွာ အထောက်အကူပြုမှာဖြစ်ကြောင်းသိရသည်။
အလားတူ လပွတ္တာ-မြောင်းမြ ကားလမ်းမကြီးမှ ကျောက်ဖြူကျေးရွာသို့ဆက်သွယ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လမ်းအရှည် (၀/၃.၈၄)မိုင်အား ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါကျေးရွာ ရွာရှိ အိမ်ခြေ ၄၂၅အိမ်၊ လူဦးရေး ၁၇၄၂ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးများစွာ အထောက်အကူပြုမှာဖြစ်ကြောင်းသိရသည်။