ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မင်းဘောကျေးရွာ၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် 66KW Solar Pumping System ပြောင်းလဲတပ်ဆင်ခြင်း(မင်းဘောဒီဇယ်ရေတင်)လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးအရည်အသွေး ပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ စိုက်ပျိုးရေအား တောင်သူများ အကျိုးရှိရှိ အသုံးချစေရေး အလေးထားဆောင်ရွက်စေရေးမှာကြားခဲ့သည်။ 

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မအူပင်) RCသုံးထပ်ပင်မကျောင်းဆောင် (၂၆၀ပေ၊၁၆၀ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)(၁၉၂ပေ၊၃၈ပေ)Three Storeyed R.C.C Lecture Building ဆောက်လုပ်ခြင်းနှင့် ကျောင်းဝင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ ကျောင်းဝန်းအတွင်းသန့်ရှင်းသာယာစေရေးတို့အား အလေးထားဆောင်ရွက်စေရေးမှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မအူပင်မြို့နယ် စည်ပင်သာယာရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ကမ်းနားလမ်း(စည်ပင်လမ်းနှင့် ၃လမ်းကြား)ကွန်ကရစ်လမ်း၊အရှည်(၁၁၇၀)ပေ၊အကျယ်(၃၀)ပေ၊ထု(၈)လက်မရှိပြီး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌက  ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား အချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမျိား၏သင်ကြားပို့ချမှုများကို လိုက်နာမှတ်သားကျက်မှတ်စေရေး၊ အားနည်းသည့်ဘာသာရပ်များကိုပိုမိုလေ့လာကြစေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။  ဆက်လက်၍ မလက်တိုကျေးရွာအုပ်စု၊ပလောင်ရွာ၌ ၂၀၂၃ခုနှစ်၊ နွေစပါးတစ်ဧကတင်း (၁၂၀) ဧက၁၀၀စံပြကွက်အား ကြည့်ရှုအားပေးခဲ့ပြီး  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးပြီးဖြစ်၍ စိုက်ခင်းများသို့ အပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ အထွက်တိုးစေရေးနှင့် ဆီထွက်သီးနှံနေကြာအား  တိုးချဲ့စိုက်ပျိုးနိုင်ရေးကြိုးစားကြရန်မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တော်တလုတ်ကျေးရွာအုပ်စု၊သုံးခွဆိုင်ကျေးရွာ တောင်သူဦးမင်းထိုက်၏ ငရုစိုက်ခင်း (၀.၅)ဧကအားလည်းကောင်း၊( Super Sun 41)နေကြာ (၄)ဧက စိုက်ခင်းများ၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။  ယင်းနောက် တောင်သူဦးသာစိုး၏ ( Super Sun 41)နေကြာ(၃ )ဧက စိုက်ခင်းနှင့် တောင်သူဦးလှစိုး၏ ၊( Super Sun 41)နေကြာ (၃)ဧကတို့၏ ဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ စားသုံးဆီဖူလုံရေးအတွက်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ထို့အတူ တောင်သူဦးဝင်းမြင့်၏ယာမြေ (၂)ဧကနှင့် ဦးကျော်ဝင်း၏ယာမြေ (၁)ဧက၌  Super Sun 41)နေကြာ (၁)လနှင့်( ၅)ရက်သားစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေနှင့်အစာ အချိန်မီကျွေးစေရေး၊ ပိုးမွှားကျရောက်မှုမရှိစေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးချောင်းရွာရှိ  ဦးကြည်ခိုင်၏ လယ်မြေ(၁) ဧက၌ ရေဆင်း-၁ စပ်မျိုးနေကြာစိုက်ပျိုးထားရှိ မှုအားလည်းကောင်း၊ မော်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ၊ တောင်သူဦးရဲမင်းဋ္ဌေး၏ လယ်မြေ (၁.၅)ဧက၌ နေကြာ(ဒေသမျိုး) သီးညှပ်စိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။  ထို့နောက် မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၅၀၀ စံပြကွက်သို့သွားရောက်ခဲ့ရာ တိုင်းဒေသကြီး  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦး တိုင်းဦးစီးမှူးမှ တောင်သူ ၉၃ဦးတို့၏ နွေစပါး (သီးထပ်ရင်၊ ပုလဲသွယ်၊ နယူးဧရာ၊ ကောက်ညှင်း၊ နှံကောက်ထွန်း) ဘက်စုံအဆင့်မြင့်နည်းပညာသုံး  ဧက ၅၀၀ စံပြကွက် စိုက်ပျိုးထားရှိမှုနှင့် ဒေသခံတောင်သူများမှ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးပြီးဖြစ်၍ စိုက်ခင်းများသို့ အပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ အထွက်တိုးစေရေးနှင့် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာနှင့်ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံး  ဧက (၅၀၀) စံပြကွက်အား စပါးခွံ၊ ဖွဲနု၊ ထုံး၊ ယူရီးယား၊ အီးအမ်၊ တင်လဲရည်တို့ဖြင့်အချိုးကျဖော်စပ်ထားသည့်ဘိုကာရှိနှင့် ဓာတ်မြေသြဇာ အချိုးကျပေါင်းစပ်ထားသည့် စုပေါင်းမြေသြဇာကြဲပတ်နေမှုနှင့် တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေ ဧက (၁၀၀)၌ နယူးဧရာမျိုးစပါး စိုက်ပျိုးအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

21-Jan-2023