ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မအူပင်ခရိုင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့ညနေပိုင်းက ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၈)ရပ်ကွက်၊ ဘောဂလမ်း အပိုင်း(၁)ကွန်ကရစ်လမ်း၊ အရှည်(၁၄၄၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မရှိလမ်း အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်ဖွင့်လှစ်ပေးသည်။ယင်းနောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌက  ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ထို့နောက် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူ ဦးမင်းသိန်းဝင်း၏ လယ်မြေ (၅)ဧက တွင် (ဆင်းသုခ+GW 11) နွေစပါး စိုက်ခင်းအား မြေသြဇာကြဲပတ်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများ ထောက်ပံ့ပေးထားပြီး၍ စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ၊ ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးနှင့် အထွက်တိုးစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ပြုလုပ်သည့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက မအူပင်ခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊လူမှုရေးဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်သွင်းအားစုများ တောင်သူများထံသို့‌စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေး၊တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ရေး၊ တစ်အိမ်တက်ဆင်းမြေပြင်စာရင်းကောက်ယူခြင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းများ၊  ကွန်ကရစ်လမ်းများ၊ကုန်ထုတ်လမ်းများဖော်ဆောင်ပေးနေမှုများနှင့် ယာဉ်တိုက်မှုများလျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများနှင့်အညီ စီမံချက်များရေးဆွဲ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက စပါး၊နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) လျာထားချက်များပြည့်မီအောင် စိုက်ပျိုးစေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊  နွေစပါးနှင့်မိုးစပါးများ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိစေရေး၊ ရိုးပြတ်ကျန်ဧကများ၌လည်း နွေစပါးအပါအဝင်   သီးနှံများ ထပ်တိုးစိုက်ပျိုးနိုင်ရေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများက ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် စနစ်တကျလေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊  မိမိတို့ခရိုင်၊ မြို့နယ်များဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။

20-Jan-2023