ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့နံနက်ပိုင်းက  ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့နယ်၊  ပြည်ငြိမ်းအေးကျောင်းတိုက် မြို့ဦးဓမ္မာရုံ၌ ပြည်သူများအား  ကွင်းဆင်းဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထူးကု ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်၍ စာရေးကွင်းကျေးရွာအုပ်စုရှိ (ရေဆင်း-၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် (၁)ဧကစိုက်ခင်းနှင့် တလုတ္ထော် မြို့ရှိ (ဆင်းရွှေကြာ- ၂) (F.S)နေ ကြာမျိုးစေ့ထုတ် (၆)ဧကစိုက်ခင်းများအားကြည့်ရှုအားပေးခဲ့ပြီး ရေနှင့်မြေသြဇာ စနစ်တကျထည့်သွင်းစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ထို့အတူ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာရှိ တောင်သူဦးဌေးကြိုင်၏ (ရေဆင်း-၁ စပ်မျိုး ) (၁)ဧကနှင့် တောင်သူဦးစိုးလွင်၏ (ရေဆင်း-၁ စပ်မျိုး ) (၁.၄) ဧက နေကြာစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုကိုကြည့်ရှုအားပေးခဲ့ပြီးစနစ်တကျစိုက်ပျိုးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး  ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ငါးဘတ်အိုင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ဇီးဖြူကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာတက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလျှပ်စစ်မီးဖွင့်လှစ်ပေးမှုကြောင့် ကျောင်းစုကျေးရွာတွင် အိမ်ခြေ (၁၀၁)လုံး၊ ငါးဘတ်အိုင် (၉၀)လုံးနှင့် ဇီးဖြူးကုန်းကျေးရွာတွင် အိမ်ခြေ (၇၁)လုံးတို့မှ လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၁၀)ရပ်ကွက်၊ဗိုလ်ချုပ်အောင်ဆန်းလမ်း အပိုင်း(၁)၊အရှည်(၃၅၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၇)လက်မရှိ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ယင်းနောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ  ပေးအပ်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဆက်လက်၍ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဓနုဖြူမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါး များပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများမှ အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြို့၊ ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် ချမ်းသာကြီးဘုန်းကြီးကျောင်းဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ 

ဆက်လက်၍မိဘဂုဏ်ရည်ဆန်စက်သို့သွားရောက်ခဲ့ပြီး စက်ရုံပိုင်ရှင်မှ စပါးခွံအသုံးပြု၍ (Pellet)လောင်စာတောင့်ထုတ်လုပ်သုံးစွဲဖြန့်ဖြူးမှုအခြေအနေများ၊ လောင်စာတောင့်အသုံးပြု၍ Gasifierဖြင့် ဆန်စက်လည်ပတ်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းများနှင့်အညီဖြစ်စေရန်၊ ဒေသခံများ ထင်းအစားထိုးအသုံးပြုနိုင်စေရေးဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ အဆိုပါ ဆန်စက်မှ တစ်နေ့လျှင် လောင်စာတောင့် (၁၅)တန်ခန့်ထုတ်လုပ်နိုင်ပြီး ရန်ကုန်သို့(၁၀)ခန့်တင်ပို့ရောင်းချ၍ ကျန်(၅)တန်အားဆန်စက်လည်ပတ်ရာတွင်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ထို့နောက် နန်းတော်ကုန်းကျေးရွာရှိ ရေဆင်း-၁ စပ်မျိုးနေကြာ (၁၀)ဧက မျိုးစေ့ထုတ်စိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျစိုက်ပျိုးစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့ကြောင်းသိရသည်။

20-Jan-2023