ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအား တစ်လလျှင်တစ်ကြိမ်ပုံမှန်ပြုလုပ်၍ တိုင်းဒေသကြီး၏စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ပြည်တွင်း ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် မြေသယံဇာတ၊ရေသယံဇာတကောင်းများ များစွာရှိနေသောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများလည်း များစွာရှိနေပြီး မူဘောင်အတွင်းမှဖော်ဆောင်သွားရန်လည်းလိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းသစ်များအတည်ပြုလျှောက်ထားခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းများနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းများအားအမှုတွဲများအား သက်ဆိုင်ရာဌာနဆိုင်ရာများက သေချာစွာပြစု၍ စနစ်တကျစိစစ်တင်ပြကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင်ြနိုင်ငံတော်အတွက် အမှန်တကယ်အကျိုးပြုမည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ခွင့်ပြုပေးသွာမှာဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Green Shine Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်၊ ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြု လျှောက်ထားလွှာတင်ပြလာခြင်းကိစ္စနှင့် Myanmar Global Business Association  Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်း လုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များအား လင်းတင်ပြခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏အထွေထွေ ဆွေးနွေးတင်ပြချက်များအ​ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး​မွေးမြူ​ရေးအ​ခြေခံသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာ​စေရန်အတွက် အလားအလာ​ကောင်းများကို အကျယ်တ၀င့်​ဆွေး​နွေးခဲ့​ပြီးကုမ္ပဏီများ၏လျှောက်ထားတင်ပြမှုများအပေါ် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

19-Jan-2023