ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ပတော်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ (ရေဆင်း-၂)စပ်မျိုး နေကြာ(၅)ဧက အား ရေသွင်းအစာကျွေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့်  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ကြီးကြပ်မှုဖြင့် သဘာဝမြေသြဇာကိုအသုံးပြု၍  စိုက်ပျိုးထားသည့် ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ကာ ပေါ်ဆန်းစပါးအရည်အသွေးကောင်းမွန်စေရေး၊ စျေးကွက်ထိုးဖောက်နိုင်ရေးနှင့် အထွက်နှုန်းတိုးစေရေးကြိုးစားဆောင်ရန်မှာကြားခဲ့သည်။ အဆိုပါ ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်းရိတ်သိမ်းခဲ့ရာ တစ်ဧက တင်း (၁၀၀)ထွက်ရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆောင်ရွက်သည့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းရှိ မြောင်း Alinment တိုင်းတာခြင်းနှင့် မြောင်းပုံစံကျပန္နက်ရိုက်ခြင်းလုပ်ငန်း၊ ရေငြိမ်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မမြာင်းမြေကြီးလုပ်ငန်း၊ ရှင်းလင်းဆောင်နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူးမှရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၂၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ဆောင်ရွက်သည့် ကညင်ငူကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ (အလျား ၃၀၀ပေ) ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးမကျမီပြီးစီးစေရေး၊ ရေရှည်ခိုင်ခံ့စေရေးမှာကြားခဲ့ပြီး မြထိန်းနံရံတည်ဆောက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ကွင်းသုံးဆင့် ကျေးရွာအုပ်စုရှိ တောင်သူဦးလှအေး၏ လယ်ဧက (၅)ဧက၌ ဆိုလာစနစ်ဖြင့်ရေသွင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးမြေဩဇာကြဲပက်နေမှုနှင့် ညောင်ပင်သာကျေးရွာရှိ တောင်သူ ဦးရဲကျော်သူ၏ လယ်ဧက (၄၀) အား ဆိုလာစနစ်ဖြင့်ရေသွင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများ ထောက်ပံ့ပေးထားပြီး၍ စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့် ဆိုလာရေတင်စနစ်များ ပိုမိုတွင်ကျယ်စွာ အသုံးပြုရေးနှင့် အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

18-Jan-2023