ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်၊ မြို့နယ်များရှိဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်များမှဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွှေပြည်တန်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အိမ်မဲမြို့နယ်အတွင်း၌ ၂၀၂၂ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နွေစပါး၊ပဲတီစိမ်းနှင့်နေကြာစိုက်ပျိုးပြီးစီးမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများအား တောင်သူများထံသို့ဖြန့်ဝေပြီးစီးမှုနှင့် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ မှ နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ တောင်သူများထံသို့‌စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်နေမှုများ ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။  

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာ၊ တောင်သူ ဒေါ်ဇင်မာဦး၏ နေကြာ(၅)ဧက သီးသန့်စိုက်ခင်းနှင့်ဝါးခယ်မမြို့နယ်၊ ရေလိန်အူးကျွန်းကျေးရွာရှိ နေကြာဧက(၃၀)သီးသန့်စိုက်ခင်းတွင် စုပေါင်းရေနှင့်အာဟာရ တိုက်ကျွေးနေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး အစာအာဟာရများစနစ်တကျကျွေးစေရေး၊ စိုက်ပျိုးရေလုံလောက်အောင်ဆောင်ရွက်ပေးစေရေးနှင့် ဖြစ်ထွန်းအောင်မြင်အောင်ဆောက်ရွက်စေရေးမှာကြားခဲ့သည်။ 

ဆက်လက်၍ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ (ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ)ရှိ နည်းပညာပြန့်ပွားရေးစင်တာ၊ နွေစပါးတစ်ဧက တင်း (၁၂၀) အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်ခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဘိုင်အိုစူပရင်း ဇီဝမြေသြဇာ အိတ် (၁၅၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး နွေးစပါးစိုက်ဧကများအားဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကာ သဘာဝစွမ်းအင်များပိုမိုအသုံးပြုစေရေး၊ သာဘာဝမြေသြဇာ၊ ဇိဝမြေသြဇာများနှင့် ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် ကြခတ်ကုန်းကျေးရွာမီးလင်းရေးအတွက်လျှပ်စစ်မီတာဘောက်များထုတ်ယူထားရှိမှုအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးကြိုးများတပ်ဆင်နိုင်ရေး၊ လျှပ်စစ်မီးအမြန်ဆုံးရရှိစေရေးမှာကြားခဲ့သည်။ 

ဆက်လက်၍ ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဝါးခယ်မမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နွေစပါး၊ပဲတီစိမ်းနှင့်နေကြာစိုက်ပျိုးပြီးစီးမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများအား တောင်သူများထံသို့ဖြန့်ဝေပြီးစီးမှုနှင့် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။ 

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ မှ နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ တောင်သူများထံသို့‌စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်မှုများ ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာရှိ တောင်သူဒေါ်သင်းသင်း၏ နွေစပါးလယ်မြေ (၂)ဧကစိုက်ခင်းအား စုပေါင်းမြေသြဇာကြဲပတ်ပွဲကိုတက်ရောက်အားပေးခဲ့ပြီး တောင်သူဒေါ်သင်းသင်း၏ ဇော်စိမ်ပန်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပါသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာရှိနွေစပါးတစ်ဧက တင်း(၁၂၀)အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်၍ စုပေါင်းမြေသြဇာကြဲပတ်ပွဲကိုတက်ရောက်အားပေးခဲ့ပြီး နိုင်ငံတော်မှသွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီစနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်   ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။

ထို့နောက် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက မြောင်းမြခရိုင်အတွင်းရှိ ၂၀၂၂ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နွေစပါး၊ပဲတီစိမ်းနှင့်နေကြာစိုက်ပျိုးပြီးစီးမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများအား တောင်သူများထံသို့ဖြန့်ဝေပြီးစီးမှုနှင့် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ မှ နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ တောင်သူများထံသို့‌စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်မှုများ ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။

အဆိုပါ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သိးနှံ(နေကြာ) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများမှ အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ပြီး လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန်အတွက် ပညာရေးကဏ္ဍအားမြှင့်တင်ရမှာဖြစ်ပါကြောင်း၊ လာမည့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များတင်ပြဆောင်ရွက်စေရေး သက်ဆိုင်ရာဌာနများမှ တိုက်တွန်းဆောင်ရွက်ပေးကြရမှာဖြစ်ပြီး ထုပ်ပိုးမှုများစနစ်ကျသေသပ်မှုရှိစေရေး၊ ကျန်းမာရေးနှင့်အညီဖြစ်စေရေး၊ ပြည်တွင်းသာမကပြည်ပတင်ပို့ရောင်းချနိုင်စေရေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် မြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေးသတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြို့ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။

13-Jan-2023