၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ်ပထမဆု၊တူယှဉ်နွှဲပျော်ဂီတပွဲတော်(Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ပြိုင်ပွဲများတွင်ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ်ပထမဆု၊တူယှဉ်နွှဲပျော်ဂီတပွဲတော်(Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ပြိုင်ပွဲများတွင်ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ပြီးခဲ့သည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင် မိမိတို့တိုင်းဒေသကြီးမှ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-1သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုနှင့်ဒုတိယဆုများရရှိခဲ့ပြီးဂုဏ်ပြုယာဉ်တတိယဆုရရှိခဲ့ပါကြောင်း၊ ယခင်ပြိုင်ပွဲဝင်များ၏ အားနည်းချက်အားသာချက်များ၊ ဂုဏ်ပြုယာဉ်အားနည်းချက်အားသားချက်များအား ကြိုတင်ပြင်ဆင်ခဲ့ပြီး အကောင်းဆုံးဖြစ်စေရေးကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် Season-2တွင်လည်းပထမဆုရရှိခဲ့ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့ခြင်းမှာလည်း အားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှု၊ဇွဲ၊လုံ့လတို့ဖြင့်  ပိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ပြပွဲ၊ပြိုင်ပွဲများတွင်လည်း မိမိတို့တိုင်းဒေသကြီးမှထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်ပြည်လုံးသိရှိအောင်ပြသခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူရမှာဖြစ်ပါကြောင်း၊ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့ခြင်း၊ ယှဉ်နွှဲပျော်ဂီတပွဲတော်(Season-2)ပြိုင်ပွဲပထမဆု ရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှုရလဒ်များပင်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း”ပြောကြားသည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများအား စီးပွားရေးရာဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်၏ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေမှု  Videoမှတ်တမ်းအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “တူယှဉ်နွှဲပျော်ဂီတပွဲတော်”(Season-2)သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် စိုးထက်အောင်၏ သီဆိုယှဉ်ပြိုင်မှုအား ဆရာကြီးဦးကျော်ကျော်က ပြန်လည်သုံးသပ်တင်ပြခဲ့ပြီး ယှဉ်ပြိုင်မှုမှတ်တမ်း Videoအားပြသခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားနှင့် ပြပွဲ၊ပြိုင်ပွဲများတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သူများနှင့် ပါဝင်ဆောင်ရွက်ခဲ့သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်သစ်သီးဝလံပြပွဲ၊ပြိုင်ပွဲတွင် ဆုရရှိသည့်ပြခန်းများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေ ကပြခဲ့သော အကအဖွဲ့များ၏ နည်းပြများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်သစ်သီးဝလံပြပွဲ၊ပြိုင်ပွဲတွင် ဆုရရှိသည့်ခရိုင်များအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းတွင် အထူးဆုနှင့်နှစ်သိမ့်ဆုများရရှိခဲ့သည့် ပြခန်းများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံကာ  တေးသီများဖြင့်သီဆို၊ ကပြဖျော်ဖြေမှုများအားကြည့်ရှုအားပေးခဲ့ပြီးအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။

11-Jan-2023