တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ကန်ကြီးထောင့်မြို့နယ်အတွင်းပဲတီစိမ်းစိုက်ခင်း၊ နွေစပါးစိုက်ခင်းများကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင်သူ ဦးဝင်းဦး၏ လယ်မြေ (၈)ဧက တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်းစိုက်ခင်းအား ရွက်ဖြန်းဆေး၊ မှိုသတ်ဆေး၊ နှင့်ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများစိုက်ခင်းများတွင်စနစ်တကျအသုံးပြုစေရေး၊ အောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်နှုန်းတိုးစေရေးမှာကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာဖြူစုကျေးရွာရှိ  လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူ (၅)ဦးအတွက် ဓာတ်မြေသြဇာသွင်းအားစုများထောက်ပံ့ပေးခဲ့ပြီး တောင်သူဦးပါလတ်ကြည်၏ နွေစပါး ၃၀ ဧက တွင် မြေသြဇာစုပေါင်းကြဲပတ်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး  တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှသွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီ စနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့်   ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့ပါသည်။ ထို့နောက် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် လယ်မြေဧက ၇၀၀၀အတွက် ဓာတ်မြေသြဇာသွင်းအားစုများ ရောက်ရှိဖြန့်ဝေနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများလက်ဝယ်အရောက်အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးမှာကြားခဲ့သည်။

11-Jan-2023