ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ကျုံပျော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေအား သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်4သူနှင့်အတူ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စုရှိ သံဇူဇယ်ကက်သလစ် ဘုရားကျောင်းရှိ စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ကျောင်းဆောင်သစ် ဆက်ကပ်အပ်နှံခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ ထို့နောက် အထက(အထောင်)၌ ကျင်းပြုလုပ်သော ဝိသာခါဖောင်ဒေးရှင်းနှင့် ရန်ကုန်ဆေးတက္ကသိုလ်(၁)ကျောင်းသားဟောင်းများအသင်းမှ အခမဲ့ဆေးဝါးကုသမှု အခြေအနေအား  လှည့်လည်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် အထောင်မြို့၊ ကံကလေး-ကမ်းနားမဲဇလီတံတား ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုကာ ဝန်ကြီးချုပ်က တံတားဆောက်လုပ်နေမှုနှင့်ပတ်သက်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။  ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ သံလျှက်စွန်းကျေးရွာအုပ်စု၊ သံလျှက်စွန်းကျေးရွာသို့ ရောက်ရှိပြီး ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ လှူဒါန်းသည့်(၉၀)ပေ၊ (၃၀)ပေ RC(၁)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

20-Mar-2017