ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ပုသိမ်မြို့၊ ဘုရားကြီးကုန်းကျေးရွာရှိ ဘုရားကြီးကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာစရ (မဟာသဒ္ဓမ္မဇောတိကဓဇ)စျာပနသို့ သွားရောက်၍ အလှူငွေ (၃)သိန်းကျပ်ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၁၇.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ပုသိမ်မြို့၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ ဘုရားကြီးကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တအာစရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ သက်တော် (၈၀)၊ ဝါတော် (၆၀)၏ စျာပနသို့ သွားရောက်၍ ဆရာတော်ကြီး၏ စျာပနအတွက် အလှူငွေ (၃)သိန်းကျပ်အား ဘုရားကြီးကုန်းကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသထံ သွားရောက်လှူဒါန်းခဲ့ပါသည်။

17-Mar-2017